-35-

6.3K 822 43
                                    

ရှောင်းကျန့်စာသင်နှစ်ပြီးဖို့နီးလာတော့ အလုပ်ထွက်ခဲ့တယ် ။ အမျိုးသမီးကတော့စိတ်မကောင်းပေမဲ့ ကျန်းမာရေးကိုပိုဂရုစိုက်မယ်လို့ကတိပေးရှာတယ် ။ ရှောင်းကျန့် ခင်မင်တဲ့သူတွေကိုအိမ်အထိညစာဖိတ်ကျွေးပြီးနှုတ်ဆက်ပွဲအကျဥ်းချုပ်လေးကျင်းပတယ် ။ မိတ်ဆွေတွေကို ရှောင်းကျန့်အမျိုးသားအနေနဲ့အရက်ငှဲ့ပေးနေတဲ့ ရိပေါ်ကအသိုင်းအဝိုင်းကြား ပွဲထုတ်
မိတ်ဆက်ပေးချင်စရာကောင်းတဲ့ သက်ဆိုင်သူပုံစံမျိုးပဲ ။

အားလပ်နေတဲ့အချိန်တွေ နိုင်ငံတစ်ပတ်မဟုတ်တောင်အထင်ကရနေရာတွေလျှောက်လည်ဖြစ်တယ် ။ အလုံထုပ်ထားတဲ့ Hoodie ပွပွဆင်တူနဲ့သူတို့ခြေရာတွေက အရုဏ်ဦးစကနေညဥ့်နက်တဲ့ထိ လမ်းမပေါ်မှာရှိခဲ့တယ် ။

ရှောင်းကျန့်အမြဲဆွဲကြိုးထဲချိတ်ဆွဲဝတ်ခဲ့တဲ့ ရိပေါ်ခွင့်တောင်းလက်စွပ်လေးအခိုးခံလိုက်ရတာမို့ ပျော်ရွှင်မနေခဲ့တာကြာပြီ ။ ရိပေါ်ကစိတ်ထဲမထားဖို့ပြောပေမဲ့ရှောင်းကျန့်အယူသည်းပါတယ်။ဒါကသူတို့ Relationship ရဲ့စတင်ခြင်းပဲလေ ။ ရိပေါ်ရဲ့စိတ်လည်းဖြစ်တယ် ။ သူလက်မှာဝတ်ရင် ထိသွားမှာစိုးလို့တမြတ်တနိုးဆွဲကြိုးနဲ့ပတ်ဝတ်ခဲ့ကာမှ ဒီလိုအခိုးခံလိုက်ရတယ် ။

ရိပေါ်ကဒါကြောင့်ပဲသူစိတ်ပြေအောင်အလည်လျှောက်ခေါ်နေတာသူသိတယ် ။

"ဆယ့်တစ်နာရီထိုးပြီ ငါတို့လက်မှတ်က နောက်ဆုံးအချိန်မလား "

ရှောင်းကျန့်ကိုကုန်းပိုးထားတဲ့ရိပေါ်ကခေါင်းညိတ်ပြတယ် ။ Linq ထဲက ပေငါးရာ့ငါးဆယ်မြင့်တဲ့ ferris wheel ဆိုတာမလည်လိုက်လို့မဖြစ်တဲ့နေရာပါပဲ ။ ရိပေါ်ကြိုတင်မှာယူထားတဲ့ Ticket ကိုကြည့်တော့ 21 နှစ်အထက်မှခွင့်ပြုတဲ့သတ်မှတ်ချက်ရှိနေတယ်။

"မင်းကအခုမှ 20 မဟုတ်ဘူးလား?  လက်မှတ်ဘယ်လိုလုပ်လိုက်တာလဲ? "

"ဘယ်လိုလုပ်လုပ် "

"ဘာလို့ငွေကအဲ့လောက်များရတာလဲ ဒေါ်လာခြောက်ဆယ်ဝန်းကျင်ပဲကျမှာဆို "

"ပွစိပွစိနဲ့ "

"ငါ့ကိုဘာပြောတာလဲ?  "

"ဘာမှမပြောဘူး "

~ခြောက်နှစ်ငယ်တဲ့ကောင်လေး~Waar verhalen tot leven komen. Ontdek het nu