-17-

6.4K 925 33
                                    

စာသင်နှစ်တွေပြန်စခဲ့ပေမဲ့ရိပေါ်စာစိတ်မပါတော့ ။ အလွဲလွဲအချော်ချော်ဖြစ်ဖန်များလာတဲ့အခါ ဆရာရှောင်းကစိတ်ပျက်လာခဲ့တယ် ။ ဆရာရှောင်းရဲ့သူငယ်ချင်းမိန်းကလေးအချို့အိမ်လာလည်ကြပြီးထွေးယှက်ရောတင်လုပ်နေကြတာကိုမြင်လိုက်ရတဲ့အခါသူရူးတော့မလိုပဲ ။

"မင်းဒါကိုပဲထပ်တလဲလဲမှားနေတာ တမင်လုပ်နေတာလား "

"ဆောရီး ကျွန်တော်အာရုံစိုက်လို့မရဘူး "

ရှောင်းကျန့်ရဲ့အကြည့်တွေကကောင်လေးရဲ့ရှုပ်ထွေးနေတဲ့မျက်နှာမှာ တစိုက်မတ်မတ် ။

"ထ လေညှင်းသွားခံရအောင် "

ရိပေါ်က တက်တက်ကြွကြွရှိမနေဘဲ လိုက်လာတယ် ။ နီယွန်ရောင်မီးတိုင်တွေက အမှောင်ထုကိုဝေဝေဝါးဝါး အလင်းဖောက်ထားကြတယ် ။လျှပ်တိုက်လျှောက်သံပေါ်လောက်အောင်ကို ရိပေါ်ကကွင်းထိုးဖိနပ်ကိုလျှပ်တိုက်လျှောက်နေတယ် ။

"မင်းဘာဖြစ်နေတာလဲ "

"ဒီလိုပါပဲ "

"ရိပေါ် "

"ဗျာ "

"ငါစိတ်ညစ်တုန်းက ခြောက်နှစ်တောင်ငယ်တဲ့မင်းကိုငါအမြဲ မရှက်မကြောက် ရင်ဖွင့်ခဲ့တယ် ၊
မင်းပေးတဲ့အကူအညီတွေ ပျော်စရာတွေလည်းလက်ခံခဲ့တယ် မင်းအလှည့်ကျအကုန်မျိုသိပ်ထားတော့မလို့လား? "

လမ်းမီးတိုင်ကိုကျောမှီရင်းသူမေးတော့ ကျားနာလေးရဲ့မျက်ဝန်းတွေက သူ့ကိုမျှော်လင့်စွာနဲ့ ငေးစိုက်ကြည့်လာတယ် ။ အရယ်အပြုံးမရှိဘဲစိုက်ကြည့်တိုင်းသူအနည်းငယ်နေရခက်တယ် ။

"ကျွန်တော် တစ်ယောက်ယောက်ကိုချစ်မိနေပြီ "

ရှောင်းကျန့်ရဲ့မျက်နှာကပျက်ကျသွားတယ် ။
ဒီအရွယ်ရင်ခုန်တတ်ပြီဆိုတာနားလည်ပေမဲ့ သူအခင်တွယ်ရဆုံးကောင်လေးရင်ထဲတစ်စုံတစ်ယောက်ရှိနေပြီဆိုတဲ့ ထုတ်ဖော်ချက်ကသူ့ကိုအထိနာစေပါတယ် ။ ရိပေါ်က ထိုတစ်ယောက်အတွက် သူ့စာသင်ချိန်တွေကိုတောင်စိတ်မပါတော့ပေ ။

"မင်း ကြာပြီလား "

"အင်း "

"အချစ်ရေးကြောင့်ငါ့စကားကိုတောင်မင်းနားမထောင်ချင်တော့ရင်ငါစောစောထွက်သွားလိုက်တော့မယ် ၊ တကယ်ဆို ဧပရယ်လောက်မှာငါထွက်သွားလို့ရပြီ ၊ မင်းကြောင့်အသနားခံစာလျှောက်ထားခဲ့ပေမဲ့ မင်းကတော့အချစ်ရေးအတွက်ဒီလိုဖြစ်နေတယ် "

~ခြောက်နှစ်ငယ်တဲ့ကောင်လေး~Where stories live. Discover now