-18-

6.4K 860 19
                                    

ရှောင်းကျန့်အိပ်ခန်းထဲပြေးဝင်လာတော့ မေမေကစိုးရိမ်တကြီးထုနေတယ် ။

"မေ့ သားတစ်ယောက်ထဲနေချင်တယ် "

"ဘာဖြစ်လာတာလဲတော့ပြောလေ ၊ဒီမှာမအေက စိုးရိမ်လို့သေတော့မှာဟဲ့ အကောင်လေးရဲ့ "

"သားဘာမှမဖြစ်ဘူးလို့ မေ့ သွားပါဗျာ လိမ္မာတယ် "

အသံတိတ်ကျသွားမှ တံခါးကိုကျောမှီထိုင်ချလိုက်ရင်း ခေါင်းကိုဒူးထောင်းတွေကြားဖွက်ထားမိတယ် ။ မှန်တံခါးမှာမြှားတွေလာကပ်ပေမဲ့ သူထမကြည့် ။ ဖုန်းမြည်လာတော့သူစက်ပိတ်လိုက်တယ် ။ အဲ့ကောင်လေးနဲ့တွေ့ရမှာသူရှက်နေတာပဲ ။

သူထိုင်နေခဲ့တာဘယ်လောက်ကြာသွားလဲမသိ ။ တဂျစ်ဂျစ်အသံကြားလို့ကြည့်လိုက်တော့ မှန်ပြတင်းကို ဖွင့်ပြီးဝင်လာတဲ့ကောင်လေးက သူ့ဆီတရှိန်ထိုးပြေးလာနေခဲ့တယ် ။ အခန်းတံခါးကိုသူဆွဲဖွင့်လိုက်ပေမဲ့မမှီတော့ပေ ။ ကောင်လေးကရှောင်းကျန့်ကိုထိုင်လျက်သားအတိုင်းအခန်းတံခါးနဲ့သူ့(ရိပေါ်)ကိုယ်ကြားညှပ်ထားလိုက်ပြီ ။

"ဘာဖြစ်လို့ လူကိုအဖက်မလုပ်တာလဲ ချေတာလား?  Crush ဆိုတဲ့မျိုးရိုးတွေက အဲ့လိုပဲလား.. ဟမ်? "

"မင်းငါ့ကိုမလေးမစားမလုပ်နဲ့ "

"သားမှတ်မှတ်လင်မှတ်မှတ်ပေါင်းမဲ့ကောင်ပါ "

"မင်းပြန်တော့ကွာ ဒီနေ့ငါတစ်ယောက်ထဲအချိန်ယူဖို့လိုတယ် "

"အဲ့ဒါမို့မျက်နှာလေးခဏထွက်ပြရင်ရပြီကို ဒီထိရောက်လာအောင်ဘာလို့လုပ်ရတာလဲဗျာ "

"မင်းဖိအားမပေးလို့မရဘူးလား "

"ဖိအားမပေးချင်ပါဘူး ချစ်ချင်တာ "

"ကလေးအကွက်တွေ "

ရိပေါ်ကသူ့ကိုငုံ့မိုးကြည့်ရင်းပြုံးနေခဲ့တယ် ။

"အင်း လူကြီးအကွက်တွေလည်းထုတ်သုံးဖို့ရှိပါသေးတယ် ဖြည်းဖြည်းပေါ့ ၊ အခုလိမ္မော်သီးတွေ့လို့ကျွေးချင်တာနဲ့လာခဲ့တာ "

လိမ္မော်သီးထုပ်ကိုယမ်းပြရင်းရိပေါ်ကတစ်လုံးခွာကျွေးတယ် ။ လိမ္မော်သီးကိုငယ်ငယ်ထဲက ကြောက်တဲ့စိတ်ကဘာကြောင့်မှန်းသူမသိ ။ အထူးသဖြင့်လိမ္မော်သီးခွာတာမြင်တိုင်းသူကျောချမ်းသည် ။

~ခြောက်နှစ်ငယ်တဲ့ကောင်လေး~Where stories live. Discover now