-5-

8K 1K 23
                                    

ရှောင်းကျန့်စာသင်ဖို့ရောက်လာတော့ ရိပေါ်ကစာရေးနေရာကနေလှမ်းပြုံးပြတယ် ။

"ရှောင်းကျန့် လာပြီလား "

အန်တီကမွှေးပျံ့တဲဲ့အမဲသားခေါက်ဆွဲဗန်းကိုသယ်လာပြီး စာကြည့်ခန်းထဲစားပွဲပုလေးနဲ့ချပေးတယ် ။

"လာ ရှောင်းကျန့်လေးငယ်ငယ်ကကြိုက်တဲ့ အမဲသားခေါက်ဆွဲပြင်ထားတယ် "

ရှောင်းကျန့်ကမခေါ်မှာကိုတောင်ကြောက်နေခဲ့တာ ။

"သားငယ် လာစားလေ "

ရိပေါ်ကစာအုပ်ကိုပိတ်လိုက်ပြီး စားပွဲပုလေးမှာဝင်ထိုင်တယ် ။

"မာမီ ငရုတ်သီးအနှစ်တွေပြန်ယူသွားစမ်းပါ ​၊ မြင်တာနဲ့တင်စားချင်စိတ်မရှိတော့ဘူး "

"သားအစ်ကိုကြိုက်လို့ယူလာတာလေ ၊ သူကငယ်ငယ်လေးထဲကအစပ်စားတာ "

"သူအဆင်မပြေရင်ပြန်ယူသွားလိုက်လေအန်တီ ၊ ကျွန်တော်ကရတယ် "

"မယူနဲ့မာမီ "

ရိပေါ်ကအစပ်ပန်းကန်ကိုတစ်လှည့်ရှောင်းကျန့်ကိုတစ်လှည့်ကြည့်နေတယ် ။

"အေးဆေးစားနှင့် ၊ မာမီသွားလိုက်ဦးမယ် "

"စာသင်ပြီးမှသားဘာသာစားပွဲထုတ်လာခဲ့မယ် ပြန်မလာနဲ့တော့ "

"အေးပါအေ "

စာလုပ်မဲ့စကားချည်းသာထွက်နေတဲ့ရိပေါ်
ကြောင့်သူ့အမေကသိပ်ပျော်နေပုံပါပဲ ။

အန်တီထွက်သွားတာနဲ့အမဲသားပြားပေါ်အစပ်နှစ်အပုံလိုက်တင်ရင်း ရှောင်းကျန့်အရသာခံလိုက်တယ် ။

"ဒီငရုတ်သီးကအတော်နူးညံ့ပြီးချိုတယ် "

"ချိုတယ်? ငရုတ်သီးက? "

"ငရုတ်သီးကတော့ချိုမလား ဒါပေမဲ့ငရုတ်သီးအခွံခေါ်ရမလား အဲ့နေရာကငရုတ်သီးအမျိုးအစားကိုလိုက်ပြီးစကားပြောတယ် "

"ဘာပြောလဲ? "

"ကျစ် "

ရိပေါ်က သွားပေါ်အောင်တစ်ချက်ရယ်ပြီးငရုတ်သီးကို ဗုံးဆံဖွင့်တဲ့အလားသတိကြီးကြီးထားပြီး လျှာနဲ့တို့ကြည့်တယ် ။

~ခြောက်နှစ်ငယ်တဲ့ကောင်လေး~Where stories live. Discover now