-10-

7.2K 946 13
                                    

မျက်ခုံးပျက်နဲ့ရိပေါ်ကိုနောက်နေတဲ့ ချင်းယန်က ရိပေါ်တည်ငြိမ်နေတာမြင်တော့စိုးရိမ်လာတယ် ။

"ရိပေါ် အစ်ကိုကြီး မင်းဘာဖြစ်နေတာလဲ "

"ဘာကိုလဲ "

"မင်းမျက်နှာက ခေါင်းတလားထဲဆယ်နှစ်လောက်ပိတ်မိနေတဲ့သူလိုပဲ "

"ငါကြိုက်နေတဲ့သူရှိပြီ "

"မင်းတကယ်ပြဿနာအကြီးကြီးတက်နေတာပဲ "

"မနောက်နဲ့တော့ငါအတည်ပြောနေတာ "

"ဘယ်သူလဲ? "

"ငါ့ကိုပြောင်းလဲပစ်ချင်နေတဲ့သူ "

"အဲ့ဒါတော့မကောင်းပါဘူး ၊ ရည်းစားထားမယ်ဆိုရင် နှစ်ဦးနှစ်ဖက်ညှိယူရမှာပေါ့ ဘာလို့မင်းကပဲပြောင်းလဲပေးရမှာလဲ "

"သေချာပေါက်ငါလည်းမကြိုက်ဘူးပေါ့ ၊ ဒါပေမဲ့ ... သူငါ့ကိုပြောင်းလဲဖို့ကြိုးစားတာငါသဘောကျနေတယ် ၊ တွေ့လိုက်တိုင်း ငါ့ရဲ့ဘယ်မကောင်းတဲ့အကျင့်လေးကိုသူဆူပြီးတားမလဲတွေးနေရတာကိုက ကြည်နူးစရာလေး ၊ ဆူနေတဲ့မျက်နှာလေးကတကယ်ချစ်ဖို့ကောင်းတယ်လို့ငါထင်တယ် ၊ သူစိတ်တိုလာရင် အဲ့ဒေါသပြေတဲ့အထိချော့ရတာလည်း ပျော်တယ် "

"ငါထင်တယ် အဲ့ဒါကျယ်ကျဲပဲမလား?  ကျယ်ကျဲရဲ့ကြိမ်လုံးအောက်ပြားပြားဝပ်တော့မဲ့ မောင်လေးဖြစ်ရတာ မင်းအတွက်မကောင်းဘူးနော် ၊ ကျယ်ကျဲတွေဆိုတာ သူတို့ဆရာလုပ်လို့ရမဲ့ မောင်လေးတွေနဲ့ဆို ဘုရင်မကြီးလုပ်ကြတော့တာပဲ ၊ အမေထက်ဆိုးတယ် "

"ငါ့ထက်ကြီးတာတော့မှန်ပေမဲ့ ကျယ်ကျဲမဟုတ်ဘူး "

"အဒေါ်အရွယ်ကြီးလား "

"ကောကော "

ချင်းယန်က မယုံသလိုရယ်နေရင်းတစစမျက်နှာမဲ့လာတယ် ။

"မင်းအတည်ကြီးပြောနေပြန်တာလား "

ရိပေါ်က ကြောက်ဖို့ကောင်းအောင်ပြုံးရင်း နံမည်နှစ်လုံးကိုစာအုပ်နောက်ဆုံးစာရွက်မှာအဆက်မပြတ်ချရေးနေတယ် ။ စာမျက်နှာ
အပြည့်မရေးဘဲ အသဲပုံလေးပေါ်အောင်ဖန်တီးပြီးတဲ့အခါ သူကပြုံးမိသွားတယ် ။

~ခြောက်နှစ်ငယ်တဲ့ကောင်လေး~Dove le storie prendono vita. Scoprilo ora