Chapter 145: ဖေဖေ သမီးမှာဘာလို့ မေမေမရှိတာလဲ (၁)

4.3K 679 3
                                    


Chapter 145: ဖေဖေ သမီးမှာဘာလို့ မေမေမရှိတာလဲ (၁)

သူမအား ကိတ်မုန့်ဆိုင်သို့ခေါ်သွားပြီး မုန့်မျိုးစုံနှင့် ပြည့်နှက်နေကာ ပေါင်မုန့်မျိုးစုံ၊ ဖန်ပြတင်းပေါက်၌ ပုံစံအမျိုးမျိုး၊ အရွယ်အစားမျိုးစုံရှိသော မွေးနေ့ကိတ်မျိုးစုံကို ဝယ်ကျွေးမည်ဟု ဟော်ရှောင်းရှောင်းထင်နေခဲ့သော်လည်း ဗြိတိသျှစတိုင်လ်ဖြင့် အလှဆင်ထားသော နေ့လည်ခင်းလက်ဖက်ရည်ဆိုင်သို့ ခေါ်လာလိမ့်မည်ဟုတော့ သူမ မထင်ထားပေ။

သေသပ်လှပသောဝတ်စုံကို ၀တ်ဆင်ထားသည့် စားပွဲထိုးတစ်ယောက်က ထိုင်နေရာအတွက် ချောင်ကျသောနေရာတစ်ခုသို့ ဟော်ဆွေ့ချန်းအားခေါ်ဆောင်သွားပြီး သူ့ရှေ့တွင်တော့ လှပသော အချိုပွဲမီနူးတစ်ခု တင်ပေးလိုက်သည်။

လက်ဖက်ရည်ဆိုင်သို့လာသူ အများစုသည် သူတို့၏သားသမီးများနှင့်အတူလာသော မိခင်များဖြစ်ကြ၏။ထို့ကြောင့် ဟော်ရှောင်းရှောင်းအား ဆိုင်သို့ခေါ်လာသောဟော်ဆွေ့ချန်းမှာ သူတို့အတွက် အထူးအဆန်းဖြစ်နေ၏။

ဟော်ရှောင်းရှောင်းသည် အနည်းငယ်တော့ စူးစမ်းလိုစိတ်ရှိသော်လည်း သူမအဖေကို အရှက်မခွဲလိုသောကြောင့် ပတ်ပတ်လည်ကိုကြည့်ပြီး စိတ်အနှောင့်အယှက်ဖြစ်နေမည့်အစား ပုံရိပ်ထင်နေသော အပြာရောင်နှင့်အဖြူရောင်ပန်းကန်ပြားများကိုသာ ကြည့်နေခဲ့ကာ စာသင်ခန်းတံခါး၌ ကျိဝမ်ရှင်းနှင့်တွေ့ဆုံခြင်းအကြောင်းကို တိတ်တိတ်လေး တွေးနေခဲ့သည်။

ကျိဝမ်ရှင်းသည် Ocean World ၌ သူမအဖေနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီးသည်မှာ ထင်ရှားသည်။

သူမကသာ မတွေခဲ့ရခြင်းပင်။

ထိုအခြေအနေတွင် သူမအဖေသည် ကျိဝမ်ရှင်း၏ဖြစ်တည်မှုအား သူမကို မသိစေချင်ခဲ့ပေ။

သူမအဖေနှင့် ကျိဝမ်ရှင်းတို့ အရက်မူးပြီး မှားယွင်းခဲ့ကြကာ ကျိဝမ်ရှင်းကလည်း ကိုယ်ဝန်ကို ဟော်ဆွေ့ချန်းအား ဖုံးကွယ်ထားခဲ့သည်။

သူမအဖေက သူမကို ဆေးရုံမှအိမ်ကိုခေါ်ဆောင်သွားသည့် အဓိကရည်ရွယ်ချက်မှာလည်း ဟော်သခင်ကြီးကိုင်ထားသော ကုမ္ပဏီ၏အစုရှယ်ယာများကို လဲလှယ်ရန်သက်သက်ပင်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now