Chapter 139 : အိမ်အပြန် (၃)

4K 706 7
                                    


Chapter 139 : အိမ်အပြန် (၃)

ဟော်ရှောင်းရှောင်း၏ ရှည်လျားသောမျက်တောင်များ အနည်းငယ်တုန်ခါသွားပြီး နောက်တစ်ဖန် နှစ်ခြိုက်စွာ အိပ်ပျော်သွား၏။

________

အပန်းဖြေဥယျာဉ်သည် နံနက် ၈ နာရီတွင်ဖွင့်လှစ်ကာ ခရီးသွားများဖြင့် ပြည့်လျှံနေ၏။

" ဖေဖေ..."

"အိပ်ရာက ထတော့လေ၊ အိမ်ပြန်ကြစို့ "

ဟော်ရှောင်းရှောင်းသည် သမ်းဝေကာ ထလာပြီး အိမ်အပြန်လမ်းတစ်လျှောက်လုံးလည်း အိပ်ပျော်ပြီးလိုက်လာ၏။

သူတို့ ဟော်စံအိမ်ပြန်ရောက်ချိန်တွင် ကလေးထိုင်ခုံတွင်အိပ်ပျော်နေသော ဟော်ရှောင်းရှောင်းကို ဟော်ဆွေ့ချန်းနှိုးလိုက်ပြီး ပါးစပ်ထောင့်မှသွားရည်များကို သုတ်ပေးလိုက်သည်။ " ရှောင်းရှောင်း ထတော့လေ. . . အိမ်ပြန်ရောက်နေပြီ "

ဟော်ရှောင်းရှောင်း မျက်လုံးဖွင့်လိုက်ပြီး သူမအဖေကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

"မနေ့ညက စောစောအိပ်ထားတာပဲလေ၊ ဘာလို့ အခုထိအိပ်ငိုက်နေသေးတာလဲ "

ဟော်ရှောင်းရှောင်း နိုးလာပြီး "အိပ်ချင်နေသေးတယ်" ဟု ပြန်ပြောလိုက်သည်။

ဟော်ဆွေ့ချန်းသည် သူမအား ကားထဲမှပွေ့ဖက်ကာ ထုတ်ပေးလိုက်စဥ် ဟော်အဘိုးကြီးက တင်းမာသောမျက်နှာထားဖြင့် သူတို့ထံလျှောက်လာသည်ကို တွေ့လိုက်ရသည်။

" အသိဥာဏ်မဲ့တဲ့ ကောင်စုတ်လေး!! အိမ်ကို ဘယ်လိုပြန်လာရမှန်းတော့ သိနေသေးတာပဲ! "

"ဘိုးဘိုး!" ဟော်ရှောင်းရှောင်း ပြုံးပြလိုက်ပြီး သူမလက်ကို ဟော်သခင်ကြီးဆီသို့ ဆန့်တန်းလိုက်၏။ သူမက အကြောင်းအရာကို ပြောင်းလဲလိုက်ကာ " သမီး ဘိုးဘိုးကို အရမ်းသတိရတယ်!"

ဟော်ရှောင်းရှောင်းကို ပွေ့ဖက်လိုက်သောခဏ၌ ခက်ထန်နေသောမျက်နှာသည် အပြုံးများနှင့် ပြည့်နှက်လာသည်။ သူက ပြုံးပြလိုက်ပြီး လမ်းလျှောက်ရင်းဖြင့် " ဖုန်းလည်းမဆက်တော့ မင်းလေးရဲ့အဘိုးကိုတောင် မမှတ်မိတော့ဘူး ထင်နေတာ "

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now