Description

24.1K 1K 15
                                    

Description

ပြန်လည်နိုးထလာတဲ့အချိန်မှာ ဟော်ရှောင်းရှောင်းတစ်ယောက် မရိုးမသားကောက်ကျစ်ဆိုးရွားလှသော ဗီလိန်တစ်ဦး၏သမီးဖြစ်နေလေသည်။

မှတ်ချက်များအရ သူမ၏ဖခင်ဖြစ်သူ ဟော်ဆွေ့ချန်းသည် ရက်စက်ခြင်း၊ ကောက်ကျစ်ခြင်း၊  အာဏာအပေါ်မှီခိုခြင်း၊ လှည့်စားခြင်း၊ လောကကြီးကို လက်ဝါးကြီးအုပ်ခြင်းနှင့် အမျိုးမျိုးသော ရက်စက်ယုတ်မာမှုများကျူးလွန်ခြင်းအားဖြင့် အမှန်တကယ် အကြီးစားဗီလိန်တစ်ယောက်ဖြစ်လေသည်။

အဆုံးသတ်တွင် ဖခင်နဲ့သမီးနာမည်ပျက်သွားပြီးကံကြမ္မာဆိုးများသာ ကျရောက်လာသည်။

လူအတော်များများ အလွန်ပင်ဝမ်းမြောက်ခဲ့ကြသည်။

သို့သော်ယခု ဟော်ရှောင်းရှောင်းသည် နာခံမှုရှိသော ကလေးငယ်လေးတစ်ဦးသာဖြစ်ပြီး စားသောက်သည်မှလွဲ၍ အခြားဘာမှမလုပ်နိုင်ချေ။

သူမ၏ကိုယ်ပိုင်ဘဝနှင့် သူမဗီလိန်ဖေဖေတို့ရဲ့  အနာဂတ်အတွက် ချစ်စရာကောင်းတဲ့ ကလေးလေးအဖြစ် ဗီလိန်ဖေဖေရဲ့ လောကကြီးအပေါ်အမြင်များကို ပြုပြင်ပေးဖို့ကြိုးစားခဲ့ပေမယ့် ပိတ်ထားသောတံခါးလေးကြားမှ စကားလုံးအချို့အားကြားလိုက်ရသောအခါ......

"...သတ်ပြီး ပင်လယ်ထဲ ပစ်ချပစ်လိုက်....  "

ဟော်ရှောင်းရှောင်း - "...စိတ်အနှောင့်အယှက်ဖြစ်သွားရင်ဆောတီး ဖေဖေ..."

ထိုဟော်ရှောင်းရှောင်း ရှုံးနိမ့်ခဲ့လေသည်။

"...သတ်ပြီးပင်လယ်ထဲပစ်ချပစ်လိုက်....  "

ဟော်ရှောင်းရှောင်း - " သမီးနားကြားမှားတာလားဟင် "

တစ်ခုသောနေ့လေးတွင် သူ၏ဂုတ်ပိုးပေါ်၌
အလွန်အမင်းချစ်စရာကောင်းသော ကလေးမလေးတစ်ယောက်ကိုတင်၍ ခေါင်းပေါ်တွင်တော့ Hello Kitty ဘီးကုတ်လေးကိုတပ်ထားကာ ပြုံးပျော်နေသည့် သူ့အား လူတိုင်းတွေ့ခဲ့ရပေသည်။

ဆက်စပ်အမည်များ
做人反派爸爸做人做人

______________________________________________________________________________

Zawgyi

Description














ဆက်စပ်အမည်များ

做人反派爸爸做人做人

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now