Chapter 102: ဖေဖေက ပုံပြင်တစ်ပုဒ် ပြောပြတယ် (၄)

4.4K 836 49
                                    

Chapter 102: ဖေဖေက ပုံပြင်တစ်ပုဒ် ပြောပြတယ် (၄)

ဟော်ဆွေ့ချန်း အခုတလော အတော်လေးအလုပ်များနေသည်။ လုမင်တောင်ပြဿနာသည် သူ့အား ဖိအားအတော်လေး ပေးနေခဲ့သည်။  စီမံကိန်း ရပ်ဆိုင်းသွားတာကြောင့် ဆုံးရှုံးမှုက နေ့တိုင်း တိုးလာနေသည်။

သူ ရေချိုးပြီး ထွက်လာတော့ သူ့သမီးက သူ့ကုတင်ပေါ်တွင် ရှိနေပြီဖြစ်သည်။ သူ စောင်ကို မလိုက်ပြီး ရှောင်းရှောင်းကို ကြည့်လိုက်၏။ " သမီးဘာလို့မအိပ်သေးတာလဲ...အရမ်းနောက်ကျနေပြီ "

" ဖေဖေ ပြန်လာပြီး သမီးကို ပုံပြင်တစ်ပုဒ် ပြောပြပေးဖို့ စောင့်နေတာ "

" ပုံပြင်တစ်ပုဒ်ပြောပြဖို့လား၊ ပုံမှန်ဆို အန်တီကျိုးက မင်းကို ပြောပြတယ်မဟုတ်လား "

“ ဒါပေမယ့် ဒါက ဆရာမ ပေးလိုက်တဲ့ အိမ်စာလေ...သမီးက ဖေဖေ့ကို ပြောပြစေချင်တာ " ဟော်ရှောင်းရှောင်းက သူ့ကို သကြားလုံးတစ်လုံး ကမ်းပေးလိုက်သည်။ “ ဒီမှာဖေဖေ၊ သကြားလုံးစား ”

" ဘိုးဘိုး ဝယ်ပေးထားတာလား "

“ မဟုတ်ဘူး၊ ယီချန်း သမီးကို ပေးထားတာ. . .သူက တစ်ထုပ်လုံး ၀ယ်ပေးတာ ”

ဟော်ဆွေ့ချန်းက သကြားလုံးကို စားပွဲဘေးမှာ ထားလိုက်သည်။ “ ကလေးတွေက သကြားလုံး နည်းနည်းပဲ စားသင့်တယ် ”

ထို့နောက် သူက အိပ်ရာထဲ ၀င်လာပြီး သူမကို မေးသည်။ “ သမီး ဘယ်ပုံပြင်ကို ကြားချင်လဲ ”

ဟော်ရှောင်းရှောင်းက ဟော်ဆွေ့ချန်းဆီသို့ တွားသွားပြီး သူ့ဆီသို့ တိုးဝှေ့လိုက်သည်။ " ဖေဖေ ပြောသမျှ "

ဟော်ဆွေ့ချန်းက ဟော်ရှောင်းရှောင်းရဲ့ပုံပြင်စာအုပ်ကို ယူကာ လှန်လိုက်သည်။ ဟော်ရှောင်းရှောင်းက သူ့လက်မောင်းကို မှီကာ ပုံပြင်စာအုပ်ကို သိချင်စိတ်ပြင်းပြစွာ ချောင်းကြည့်နေသည်။

" တစ်ခါတုန်းက အလွန်နက်ရှိုင်းတဲ့ ပင်လယ်ရဲ့အောက်ခြေမှာ ရေသူမမင်းသမီးလေး ခြောက်ပါး နေထိုင်ခဲ့တဲ့ ခမ်းနားထည်ဝါတဲ့ ရဲတိုက်ကြီးတစ်ခုရှိတယ်...အငယ်ဆုံးမင်းသမီးလေးက မင်းသားလေးကို ချစ်မိသွားပြီး သူနဲ့ အတူရှိနေနိုင်ဖို့ သူမရဲ့ငါးအမြှီးကို ခြေထောက်အဖြစ် ပြောင်းပေးဖို့ စုန်းမကို တောင်းဆိုခဲ့တယ်... "

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now