Chapter 32: ဟော်ရှောင်းရှောင်း၏ ရာသက်ပန်ဖြစ်ရပ်များ(၂)

6.2K 988 16
                                    

Chapter 32: ဟော်ရှောင်းရှောင်း၏ ရာသက်ပန်ဖြစ်ရပ်များ(၂)

ဟော်ရှောင်းရှောင်း ဘေးကို လှည့်ကာ သူမကိုလျစ်လျူရှုလိုက်သည်။ စားပွဲထိုးမလေးက ဟော်ရှောင်းရှောင်းကို ဖက်လိုက်ပြီး ဟော်ဆွေ့ချန်း၏သီးသန့်ခန်းဆီသို့ အလျင်အမြန်သွားလိုက်သည်။ မည်သို့ပင်ဖြစ်စေ၊ ဤကဲ့သို့အသက်ငယ်ငယ်လေး၌ ဟော်ရှောင်းရှောင်းသည် အခန်းအပြင်ဘက်ရှိ လူတစ်ယောက်နှင့် အတူရှိနေခြင်းသည် ကလပ်၏လုံးဝပေါ့ဆမှု ဖြစ်သည်။

သို့သော်လည်း ဟော်ရှောင်းရှောင်းက စားပွဲထိုးမလေးကို ချင့်ချိန်စွာ ပြောလိုက်သည် “ မမကြီး. . .ဖေဖေကို. . .မပြောပါနဲ့နော်...ဘာမှမဖြစ်ခဲ့သလို. . . ထားလိုက်ပါနော်... ”

သူမ ဟော်ဆွေ့ချန်းကို စုယွမ်ချင်း၏အမည်ကို ကြားခွင့်မပြုနိုင်ပေ။

စားပွဲထိုးမလေးက အတော်လေးအခက်တွေ့သွားလေသည်။

“ မကြောက်ပါနဲ့...မကြောက်ပါနဲ့...သမီး ပြန်မပြောပါဘူး ” ဟော်ရှောင်းရှောင်းက ခက်ခဲသည့် ကတိတစ်ခုကို ပေးခဲ့သည်။

“ ဒါပေမယ့်လည်း… ”

“ အိမ်သာကို. . . ပြန်သွားလိုက်မယ်လေ...အာ့ဆို ဖေဖေ. .  သိမှာ မဟုတ်ဘူး. . . ”

စားပွဲထိုးမလေးက ခဏတွန့်ဆုတ်နေပြီး ဟော်ရှောင်းရှောင်းကို ခေါင်းညိတ်ပြလိုက်သည်။ သူမသီးသန့်ခန်းဆီမှ ပြန်လာပြီးနောက် စားပွဲထိုးမလေးက ထပ်ခါထပ်ခါ စဉ်းစားခဲ့လေသည်။  နောက်ဆုံးမှာတော့ သူမက ထိုကိစ္စနှင့်ပတ်သက်ပြီး ကြီးကြပ်သူအား အကြောင်းကြားလိုက်တော့သည်။

ဟော်ရှောင်းရှောင်းကို အိမ်သာသို့ ပထမတစ်ခေါက် ခေါ်ဆောင်သွားသည့် စားပွဲထိုးမအား ကြီးကြပ်သူက ရှာတွေ့သွားခဲ့သည်။  သူသည်အကြောင်းပြချက်l မေးမနေတော့ဘဲ သူမကို ဆူခဲ့သည်။ အဲ့နောက်မှာတော့ သူသည် ဟော်ဆွေ့ချန်းကို စိတ်မသက်သာသည့်ခံစားချက်နှင့်အတူ ထိုအကြောင်းကို ပြောပြခဲ့၏။

ဟော်ဆွေ့ချန်း၏မျက်ခုံးတွေက အနည်းငယ် တွန့်သွားခဲ့သည် “ ဘယ်သူလဲ ”

“ အဲ့အမျိုးသမီးရဲ့မျိုးရိုးနာမည်ကို စုလို့ ခေါ်ပုံရပါတယ် ”

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now