Chapter 101: ဖေဖေက ပုံပြင်တစ်ပုဒ် ပြောပြတယ် (၃)

4.4K 804 7
                                    

Chapter 101: ဖေဖေက ပုံပြင်တစ်ပုဒ် ပြောပြတယ် (၃)

သူမပုံပြင်ပြောအပြီးတွင် ကျောင်းသားအားလုံးကို ရုတ်တရက်မေးလိုက်၏။ "ကလေးတွေ၊ အိမ်ကဖေဖေမေမေတွေကရော ကလေးတို့အိမ်မှာရှိနေတဲ့အချိန် ပုံပြင်ပြောပြကြလား "

"ပြောပြတယ်!"

“ ည…ညရောက်ရင် ဖေဖေက ပုံပြင်တစ်ပုဒ်ပြောပြတယ် ”

“ မေမေလည်း ပုံပြင်တစ်ပုဒ်ပြောပြတယ် ”

“ ဒီနေ့ဆရာမက ကလေးတို့ကို အိမ်စာတစ်ခုပေးလိုက်မယ်၊ အိမ်ပြန်ရောက်ရင် မိဘတွေကို ပုံပြင်တစ်ပုဒ်ပြောပြခိုင်းရမယ်. . . မနက်ဖြန်မှာ မိဘတွေပြောပြခဲ့တဲ့ပုံပြင်ကို ဆရာမက မင်းတို့ကိုပြန်ပြောပြခိုင်းမယ်၊ ပုံပြောကောင်းတဲ့သူကို ဆုချမယ်၊ ဟုတ်ပြီလား ”

“ ဟုတ်ကဲ့!”

ပုံပြင်တစ်ပုဒ် ပြောပြခိုင်းရမယ်??

ဟော်ရှောင်းရှောင်း ခဏစဉ်းစားလိုက်သည်။ သူမဖေဖေက သူမကို ပုံပြင်မပြောပြပေ။ အန်တီကျိုးသည်သာ သူမအတွက် ပုံပြောပြသူဖြစ်သည်။

သူမဖေဖေကရော ပုံပြင်တစ်ပုဒ် ပြောပြနိုင်မယ်တဲ့လား??

ဟော်ရှောင်းရှောင်း သံသယဝင်လာသည်။

မွန်းလွဲပိုင်းတွင် အန်တီကျိုးက သူမအား ကျောင်းလာကြိုခဲ့သည်။

"အန်တီကျိုး! ဘိုးဘိုးဘယ်မှာလဲ "

" သခင်ကြီးက သမီးကို အိမ်မှာစောင့်နေတယ်လေ " အန်တီကျိုးသည် သူမ၏ကျောင်းလွယ်အိတ်သေးသေးလေးမှာ ဖောင်းကားနေသည်ကို သတိပြုမိသောကြောင့် သူမဆီမှယူ၍  လှုပ်ကြည့်လိုက်သည်။  " ရှောင်းရှောင်း ကျောင်းလွယ်အိတ်လေးက ဘာလို့ ​အရမ်းလေးနေတာလဲ??"

"သကြားလုံးတွေလေ! ယီချန်း သမီးကိုပေးထားတာ " ဟော်ရှောင်းရှောင်း သူမကျောင်းလွယ်အိတ်လေးကို ဖြည်ပြလိုက်ပြီး သကြားလုံးလေးများအပြည့်ဖြင့် အိတ်လေးကိုပြလိုက်သည်။

" ရှောင်းရှောင်း အများကြီးမစားရဘူးနော်၊ နားလည်ရဲ့လား?? မဟုတ်ရင် အသစ်ပေါက်လာတဲ့သွားတွေ ပျက်စီးသွားလိမ့်မယ်၊ အန်တီကျိုးက မစားဘူး သေချာပဲသိမ်းပေးထားမယ်. . . အန်တီ့ကို ပေးထား "

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now