Chapter 117 : ခွင့်လွှတ်မှု (၂)

4.1K 728 8
                                    

Chapter 117 : ခွင့်လွှတ်မှု (၂)

ညခင်း ကိုးနာရီအချိန်ဖြစ်၏။

ဒုတိယထပ်ရှိ စာကြည့်စားပွဲပေါ်တွင် မီးထွန်းထားဆဲဖြစ်သည်။

ဟော်ဆွေ့ချန်းသည် စာကြည့်စားပွဲကိုမျက်နှာမူထားကာ ကြမ်းပြင်မှမျက်နှာကျက်ထိမြင့်မားသော ပြတင်းပေါက်ကြီးကို ကျောပေးထား၏။ ထောင့်ဘက်ရှိအမှောင်သည် အပြင်ဘက်ရှိညအချိန်နှင့် လုံးဝကိုရောထွေးနေတော့သည်။

သူ့ရှေ့ရှိ ညစ်ပတ်နေသော စာရွက်စာတမ်းတွေကိုငေးကြည့်ရင်း ထိုနေရာတွင် တစ်နာရီနီးပါးလောက် ထိုင်နေမိပြီး ပင်ပန်းစွာဖြင့် သူ့မျက်ခုံးကို ပွတ်လိုက်၏။

လုမင်တောင်စီမံကိန်းသည် အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရပြီး အခြားသော အဓိကဖွံဖြိုးရေးအစီအစဉ်များစွာသည်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးနေခဲ့ရသည်။ သူသည် မကြာသေးမီကအထိ ဖိအားများစွာအောက်တွင် ရှိနေခဲ့၏။

သြစတေးလျနှင့် နယူးဇီလန်ရှိ စီမံကိန်းများ ...

ဟော်ဆွေ့ချန်း၏အမူအရာသည် တည်ကြည်နေ၏။ ရင်းနှီးမြုပ်နှံမှုများတွင် ဘေးကင်းလုံခြုံမှု မရှိကြောင်းကိုသိထားသော်လည်း ဤစီမံကိန်းရှိအန္တရာယ်များကို သူ ရှင်းရှင်းလင်းလင်း နားလည်ခဲ့သည်။ အရေးအကြီးဆုံးအရာမှာ ရဲရင့်မှုနှင့် ထိုးထွင်းသိမြင်မှုသာဖြစ်၏။ ဤပရောဂျက်သည် အန္တရာယ်ရှိနိုင်သော်လည်း ဟော်သခင်ကြီးပြောသည့်အတိုင်း အလွန်ဆိုးရွားလိမ့်မည်ဟု သူ မထင်ခဲ့ပေ။

အခြားအံဆွဲတစ်ခုကိုဖွင့်လိုက်ပြီး စာချုပ်ကိုအထဲတွင်ထည့်ရန် ပြင်ဆင်လိုက်၏။ ထိုထဲတွင် ဟော်ရှောင်းရှောင်း၏လက်ဗွေပါသော အာမခံလည်း ရှိနေသည်။

စာရွက်ပေါ်ရှိ လက်ဖဝါးရာလေးသည် သူ့ထက် အလွန့်ကိုသေးငယ်လေသည်။

ယနေ့ည ဟော်ရှောင်းရှောင်း၏ ထက်မြက်လှသော နတ်ဆိုးပေါက်စလို ဖျော်ဖြေတင်ဆက်မှုကို စဉ်းစားမိရင်း ဟော်ဆွေ့ချန်းမျက်နှာ မှေးမှိန်သွားတော့သည်။

တစ်ခါတစ်လေဆို ထိုကလေးက အရွယ်ရောက်နေပြီလားဆိုတာကို သူတကယ် သိချင်နေခဲ့၏။ ကလေးသည် စာမရေးတတ် မဖတ်တတ်သေးတာတောင် ဒီအာမခံကို အမြဲဂရုစိုက်နေခဲ့လေသည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Tempat cerita menjadi hidup. Temukan sekarang