Chapter 31: ဟော်ရှောင်းရှောင်း၏ ရာသက်ပန်ဖြစ်ရပ်များ (၁)

6.2K 952 13
                                    

Chapter 31: ဟော်ရှောင်းရှောင်း၏ ရာသက်ပန်ဖြစ်ရပ်များ (၁)

“ ရှက်နေတာ ရှက်တယ်ဆိုရအောင် သူ့အသက်က ဘယ်လောက်ရှိသေးလို့လဲဟ ”

“ စကားမစပ် တစ်ခုထပ်ရှိသေးတယ် စောနက ရှောင်းရှောင်းက ဒီမှာ ရှိနေလို့ ငါ မပြောသေးတာ...ရှောင်းရှောင်းရဲ့အမေအကြောင်း သတင်းက်ို မင်း ကြားသေးလား ”

“ ငါ ကြားတယ် ”

“ မင်း ဘယ်လိုထင်လဲ ”

ဟော်ဆွေ့ချန်းကာ ကတ်တစ်ခု ချလိုက်ကာ ပြောလိုက်သည် “ အဲ့ဒါက ငါနဲ့ဘာမှမဆိုင်ဘူး ”

သန့်စင်ခန်းထဲတွင် ဟော်ရှောင်းရှောင်းသည် ဘိုထိုင်ပေါ်တွင် ခြေတိုလေးနှစ်ချောင်းကို သက်တောင့်သက်သာဖြစ်စွာ ချိတ်လိုက်ပြီးမှ စိတ်သက်သာရာရသွားတော့သည်။

သိက္ခာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မိမိကိုယ်ကို သက်တောင့်သက်သာရှိခြင်းသည် အရေးကြီးဆုံးဖြစ်သည်။

သူမ၏ကိုယ်ရေးကိုယ်တာပြဿနာများကို ဖြေရှင်းပြီးနောက် ဟော်ရှောင်းရှောင်းက သူမ၏ဘောင်းဘီရှည်ကို မမ,တင်နိုင်ခင်မှာပဲ အိမ်သာတံခါးအပြင်ဘက်တွင် တစ်ယောက်ယောက် စကားပြောနေသည်ကို သူမ ကြားလိုက်ရသည်။

ပြောနေသည်ကို သူမ ရှင်းရှင်းလင်းလင်း မကြားရပေ။ သို့သော်လည်း ခြေသံတွေ ထွက်သွားပြီးနောက် သန့်စင်ခန်းသည် တိတ်ဆိတ်သွားခဲ့သည်။  တစ်ခုခု မှားနေသည်ဟု သူမ၏အမျိုးသမီးဆဌမအာရုံက သူမကို ပြောနေခဲ့သည်။

သူမက သူမ၏အတွင်းခံကို အမြန်မတင်ကာ သန့်စင်ခန်းတံခါးကို ဂရုတစိုက် ဖွင့်လိုက်သည်။ သူမကို သန့်စင်ခန်းဆီသို့ ခေါ်ဆောင်လာပေးသည့် စားပွဲထိုးမလေးက ပျောက်သွားပြီဖြစ်သည်။

ဟော်ရှောင်းရှောင်း ချက်ချင်း သတိရှိလာခဲ့သည်။ သူမက ဤနေရာတွင် အမြဲဖြစ်ပျက်လေ့ရှိသည့် ဇာတ်လမ်းဆန်သည့် ဇာတ်ကွက်များကို မှတ်မိသလိုလိုရှိသည်။ သူမ၏ဖခင်သည် လူများကို မကျေမနပ်ဖြစ်စေခဲ့သည်။ သို့သော်လည်း သူတို့သည် ဟော်ဆွေ့ချန်းကို တိုက်ရိုက် မလုပ်နိုင်ပေ။ ထို့ကြောင့် ထိုကြံမိကြံရာ စွတ်လုပ်ကြလူများသည် သူမကို ပစ်မှတ်ထားလိမ့်မည်ဖြစ်သည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now