Chapter 25: ငါ့သမီးက မင်းကို မကြိုက်တာကို မမြင်နိုင်ဘူးလား (၃)

6.6K 977 15
                                    

Chapter 25: ငါ့သမီးက မင်းကို မကြိုက်တာကို မမြင်နိုင်ဘူးလား (၃)

သီချင်းကိုတီးပြပြီးသည့်နောက် သူမသည် ဟော်ရှောင်းရှောင်း၏ လက်လေးကိုကိုင်ပြီး စန္ဒယားခလုတ်များပေါ်သို့ တင်ပေးလိုက်သည်။ " ရှောင်းရှောင်း အစ်မအခုပဲတီးပြခဲ့တဲ့သီချင်းကို သဘောကျလား ဟမ်. . . စန္ဒရားတီးရတာကိုရော ကြိုက်ရဲ့လား? "

ဟော်ရှောင်းရှောင်း သူမကို သဘောမကျသောကြောင့် မှုန်တေတေအမူအယာဖြင့်သာ ရှိနေပြီး အလကားနေရင်း ဒုက္ခခံကာ သူမ၏ပါးစပ်ကို ဖွင့်မနေတော့ပေ။

သူမက ရှုမန်ယင်ကို အမြဲတမ်း ဤအမူအယာကိုသာ ပြခဲ့သော်လည်း ရှုမန်ယင်က ဂရုမစိုက်ပေ။ ကစားခန်းထဲတွင် မည်သူမှမရှိသည်ကို တွေ့သည့်အခါ သူမအသံကို လျှော့လိုက်ပြီး ဟော်ရှောင်းရှောင်းကို ပြောလိုက်သည်, " ရှောင်းရှောင်း၊ အစ်မပြောတဲ့အတိုင်း လိုက်ပြော; မမ..."

ဟော်ရှောင်းရှောင်း သူမမျက်လုံးတွေကို လိမ့်လိုက်တော့သည်။

ဒါက သူမကို ထူးခြားအောင် လုပ်ပေးမှာလား??? ဟော်ဆွေ့ချန်းနဲ့ ဟော်သခင်ကြီးက သူမကို စောင်းငဲ့ကြည့်ပေးမှာမို့လို့လား???

အားနာပေမယ့် အိပ်မက်ပဲ ဆက်မက်နေလိုက်နော်. . .

သူမက သူမ၏ပါးစပ်ကို ကြိုးစားဖွင့်ကာ " သမီး အတတ်နိုင်ဆုံးကြိုးစားခဲ့တယ် " ဟုပြောဖို့သာ သင်ယူလိုက်သည်။

" မဟုတ်ဘူးလေ. . .အစ်မရှု "

" လေး မဟုတ်ဘူး- "

" ...အစ်မရှောင်ရှု "

ဟော်ရှောင်းရှောင်း စကားမပြောခဲ့ပေ။

ရှုမန်ယင်က သူမ၏သင်ကြားမှုကို မလျှော့တမ်းပြောနေခဲ့သည် " ရှောင်းရှောင်း၊ အစ်မကို ကြည့်ပြီး လိုက်ပြော...အစ်မရှောင်ရှု..."

" ရှောင်းရှောင်း... "

" အစ်မရှောင်ရှု "

ဟော်ရှောင်းရှောင်း သမ်းလိုက်ပြီး သူမနဲ့ထပ်ပြီး စိတ်အနှောင့်အယှက် မဖြစ်ချင်တော့ပေ။ သူမလည်း သူမ၏ခြေတိုလေးများဖြင့် ဆင်းဖို့ ရုန်းကန်လိုက်ကာ သူမ၏ကစားသည့် နေရာသို့ သွားလိုက်တော့သည်။ သူမ၏လက်ချောင်းတုတ်တုတ်လေးများသည် ဂိမ်းကစားပြီး ကာတွန်းကြည့်ရန် သုံးသည့် တက်ဘလက်ကို ထိလိုက်သည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now