Chapter 99: ဖေဖေက ပုံပြင်တစ်ပုဒ် ပြောပြတယ် (၁)

4.7K 843 15
                                    

Chapter 99: ဖေဖေက ပုံပြင်တစ်ပုဒ် ပြောပြတယ် (၁)

" ဟော်ရှောင်းရှောင်း ဒီကိုမြန်မြန်လာ. . .  ငါမင်းအတွက် ခုံတစ်ခုံကြိုဦးပေးထားတယ်! "

သူမစာသင်ခန်းထဲသို့ ၀င်လိုက်သည်နှင့် အိမ်ဆောက်သည့် အတုံးလေးများ ဆော့ရသောနေရာရှေ့တွင် ခါးပေါ်လက်ထောက်ကာ သူမကိုအော်ခေါ်နေသော ကျိုးကျိုးကို ဟော်ရှောင်းရှောင်း မြင်လိုက်ရသည်။ ထိုကောင်လေးသည် အခြားကလေးများကို အနားကပ်မခံဘဲ သူ့ဘေးနားတွင်တော့ ကောင်လေးနှစ်ယောက်ကို အစောင့်သဘောမျိုး သူနှင့်အတူ မတ်တပ်ရပ်ခိုင်းထားလေသည်။

ဟော်ရှောင်းရှောင်း အေးအေးလူလူ လျှောက်လာနေစဉ်တွင် ကျိုးကျိုးက သူမကို အလျင်အမြန်ပင် ထိုင်ခုံလေးတစ်ခုံ ပေးလာ၏။ "ဒါက မင်းအတွက် အထူးသီးသန့် "

သူတို့၏အတန်းပိုင်တီချယ်က ကျိုးကျိုးကို ကြည့်ပြီး " ကျိုးကျိုး. . .  တစ်ခြားကလေးတွေကို အနိုင်မကျင့်ဖို့ တီချယ်မင်းကို မပြောခဲ့ဘူးလား "

“ သားတစ်ခြားကလေးတွေကို အနိုင်ကျင့်တာ မဟုတ်ပါဘူး”

"မဟုတ်ဘူး?  ဒါဆို မင်းဘာလို့ ဒီနေရာကို အပိုင်းသိမ်းထားတာလဲ?? တစ်ခြားကလေးတွေ သားနဲ့လာကစားချင်ရင် ဘယ်လိုဖြစ်မလဲ "

ကျိုးကျိုး သူ့နှုတ်ခမ်းကို ဆူပုတ်ထားလိုက်ပြီး ဆရာမကို စကားမပြောတော့ပေ။

" အခန်းထဲကလူတိုင်း ဒီကအရာအားလုံးကို အတူတူကစားနိုင်လို့ရတယ်၊ သားတစ်ယောက်တည်း အပိုင်ဦးထားလို့ မရဘူးနော် "

ကျိုးကျိုး စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငြိမ့်ပြလိုက်၏။

" ကျိုးကျိုးနဲ့ ရှောင်းရှောင်းတို့ သူငယ်ချင်းကောင်းတွေဖြစ်လာလို့ တီချယ်က အရမ်းပျော်တယ်၊ ဒါပေမယ့်  ကျိုးကျိုးက တစ်ခြားကလေးတွေနဲ့လည်း ကစားဖို့ ကြိုးစားကြည့်သင့်တယ်. . . အားလုံးအတူ ဘယ်လိုဝေမျှရမယ်ဆိုတာကို နားလည်ရမယ် "

"နားလည်ပြီ"

တီချယ်သည် ကျိုးကျိုး၏ခေါင်းလေးကို အပြုံးဖြင့်ပုတ်ပေးလိုက်ကာ ဟော်ရှောင်းရှောင်းကိုကြည့်ပြီး " သမီးတို့ ဆက်ကစားလို့ရပြီ " ဟု ဆိုသည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Waar verhalen tot leven komen. Ontdek het nu