Chapter 64: တောင်းပန်မှု တစ်ခု (၂)

5.2K 849 31
                                    

Chapter 64: တောင်းပန်မှု တစ်ခု (၂)

ဖြစ်ကောင်းဖြစ်နိုင်တာကတော့ ... သူ မပျော်နိုင်လောက်ဘူးမလား??

သူ့မျက်နှာ၌ အပြုံးတစ်ခုနှင့်အတူ ဟော်သခင်ကြီးက ဟော်ရှောင်းရှောင်းကို ပွေ့ကာ ချန်ပေါ်ကို ရှာရန် ပုံကို ဆွဲယူလိုက်သည်။ သူက ဘောင်တစ်ခု ရှာပြီး ဂရုတစိုက် ချိတ်ဆွဲထားရန် သူ့ကို ပြောလိုက်သည်။

ထိုပုံကို ကြည့်ရင်း ချန်ပေါ်လည်း တွန့်ဆုတ်မနေဘဲ အထပ်ထပ်အခါခါ ချီးမွမ်းနေခဲ့သည်။ " ရှောင်းရှောင်းက ဒါကို ဆွဲခဲ့တာလား...အကောင်းဆုံးပဲ၊ ဦးလေးချန်က ဒါကို ကျိန်းသေ ကောင်းကောင်းဘောင်ခတ်ပေးမယ် "

သူက ပြောသည့်အတိုင်း လုပ်ခဲ့သည်။

ချန်ပေါ်သည် A4စာရွက်အရွယ် ဘောင်တစ်ခုကို ရှာရန် လူတစ်ယောက်ကို ချက်ချင်း ရှာဖွေခဲ့သည်။ ထို့နောက် သူက သန့်ရှင်းသပ်ရပ်သည်အထိ မှန်ဘောင်ကို သန့်ရှင်းအောင် သုတ်နေခဲ့သည်။ ထိုနောက် သူက ဟော်ရှောင်းရှောင်းကို သက်သေပြခဲ့သည်။

ဟော်ရှောင်းရှောင်း၏ကြောက်မက်ဖွယ်လက်ရာသည် နာမည်ကြီးလက်ရာတစ်ခုအဖြစ် ဆက်ဆံခံနေရသောကြောင့် သူမ၏မျက်နှာသည် အနီရောင် ပြောင်းလာခဲ့သည်။

ဒါက ရှက်စရာကောင်းလွန်းတယ်။

" သူမ ဆွဲထားတာကို ငါ့ကို ပေး " ဟော်သခင်ကြီးသည် ဦးလေးချန်ဆီမှ မှန်ဘောင်ကို ယူပြီး အပေါ်ထပ် ဟော်ဆွေ့ချန်း၏အခန်းဆီသို ဦး တည်သွားလိုက်သည်။

အခန်းထဲသို့ ဝင်ပြီးနောက် ဟော်ဆွေ့ချန်း၏စိတ်ရှုပ်နေသည့် အကြည့်အောက်တွင် ဟော်သခင်ကြီးသည် အရင် လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက် ကုတင်နှင့် မျက်နှာချင်းဆိုင် နံရံကို ညွှန်ပြလိုက်ပြီး ဟော်ရှောင်းရှောင်းကို သူ မေးလိုက်သည်။ " ရှောင်းရှောင်း သမီးရဲ့လက်ရာကို ဒီမှာ ချိတ်ထားချင်တာလား "

ထို့နောက်မှသာ ဟော်ဆွေ့ချန်းသည် သူ့ဖခင်လက်ထဲရှိ မှန်ဘောင်ကို သတိပြုမိလိုက်ပြီး သူ့နှလုံးသည်လည်း တဒုတ်ဒုတ်ခုန်လာတော့သည်။

" အဖေ ဘယ်အကြောင်း... ပြောနေတာလဲ "

ဟော်သခင်ကြီးက ပြုံးပြီး သူ့ကို မှန်ဘောင်ကို ပြလိုက်သည်။ " ဒါက ရှောင်းရှောင်းရဲ့ပထမဆုံး ပုံပဲ... ဒါက အရမ်းအဓိပ္ပာယ်ရှိတယ်လို ငါ ထင်တယ်... အဲ့ဒါကြောင့် ငါ ချန်ပေါ်ကို မှန်ဘောင်ခတ်ပေးဖို ပြောထားတာ... ရှောင်းရှောင်းက မင်းအတွက် အထူးတလည်ဆွဲထားပေးတာတဲ့. . . ဒါကို မင်းရဲ့အခန်းထဲမှာ သေချာပေါက် ချိတ်ဆွဲထားရမယ် "

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now