Chapter 50: မေတ္တာအပြည့်ရှိတဲ့ ဖခင်ရဲ့အပြုံး (၁)

5.7K 894 10
                                    

Chapter 50: မေတ္တာအပြည့်ရှိတဲ့ ဖခင်ရဲ့အပြုံး (၁)

ဟော်ရှောင်းရှောင်းသည် တိုက်ပွဲရလဒ်ကို သူမ၏ပျော်ရှင်မှုအဖြစ် ပြောင်းလိုက်နိုင်သဖြင့် သူမအမြှီးမြှောက်လောက်သည်အထိ  အရမ်းပျော်ရွှင်နေခဲ့သည်။

ညစာစားပြီးနောက် ဟော်ရှောင်းရှောင်းသည် ဟော်ဆွေ့ချန်းအား ဆိုဖာပေါ်တွင် ထိုင်ခိုင်းရန် မစောင့်နိုင်တော့ပေ။

“ ဖေဖေ၊ ရွှေ ပြီးတော့ ….. ပြီးတော့ ဒီဟာ၊ ဒီဟာ၊ဒီဟာ ” ဟော်ရှောင်းရှောင်းက သူမကြိုးစားပမ်းစားရယူထားသည့် ပိုက်ဆံများကို ဟော်ဆွေ့ချန်းရှေ့ရှိ ကျောင်းကျောပိုးအိတ်ထဲမှ တစ်ခုချင်းစီ ခင်းကျင်းပြထားသည်။ နောက်အခါ သူမအား လက်ဆောင်များ နှစ်ခါပေးရမည်ဟုပင် သူမက သူ့အား သတိပေးခဲ့သည်။

ဟော်ဆွေ့ချန်း အလျင်အမြန် တုံ့ပြန်လိုက်သည်။ “ စိတ်မပူပါနဲ့၊ အဖေက မှတ်မိပါတယ် ”

သူမဖခင်၏တုံ့ပြန်မှုသည် ဖြောင့်မတ်လွန်းသောကြောင့် ဟော်ရှောင်းရှောင်း အနည်းငယ်အံ့သြသွားခဲ့သည်။ ဟော်ဆွေ့ချန်းနှင့် အကြိမ်ပေါင်းများစွာ ယှဥ်ပြိုင်ကစားပြီးနောက် သူမ အနည်းငယ် ဘဝင်မကျသကဲ့သို့ ခံစားရသည်။ မဟုတ်ပေ၊ ကြောက်ရွံ့ခြင်းသည် ထိုအရာအား ဖော်ပြရန် ပိုကောင်းသည့် ဝေါဟာရတစ်ခုဖြစ်လိမ့်မည်။ သူ့သဘောထားနောက်ကွယ်တွင် "ပူးပေါင်းကြံစည်မှု" တစ်ခု ရှိကြောင်း သူမ ခံစားရသည်။

သူမ သူ့ကို ဂရုတစိုက် မေးလိုက်သည်။ “ တကယ်လား ”

“ ဒါပေါ့၊ ဖေဖေက ဘယ်တုန်းက မင်းကို လိမ်ခဲ့လို့လဲ ”

“ မနေ့က ” ဟု ဟော်ရှောင်းရှောင်း ဖြေချင်သော်လည်း သူမနှုတ်မှ ထွက်ခွင့်မပေးလိုက်ပေ။

သို့သော်လည်း သူမ အတွေးလွန်နေခြင်းဖြစ်ရမည်။ တကယ်တော့ ဖိုးဖိုးက ဒီမှာ သူမအတွက်အထောက်အပံ့အနေဖြင့် ထိုင်နေလေသည်။ သူ့ကာကွယ်မှုအောက်တွင် သူမအား မည်သည့်အရာအား လုပ်နိုင်ဦးမည်နည်း။

သို့သော်လည်း ဟော်ရှောင်းရှောင်းသည် သူမဖခင်အား သိသိသာသာပင် အထင်သေးလွန်းသည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now