Chapter 42: ဖေဖေက ဘိုးဘိုးကို ချစ်တယ် (၅)

5.5K 895 9
                                    

Chapter 42: ဖေဖေက ဘိုးဘိုးကို ချစ်တယ် (၅)

" မင်းငါ့ကို ဘာကတိပေးခဲ့လဲ။ ရှောင်းရှောင်း အတွက် ကစားကွင်းတစ်ခု တည်ဆောက်ရုံပဲဆို. . . အခုတော့ အပန်းဖြေစခန်းတစ်ခုတောင် တည်ဆောက်မယ်တဲ့လား?? အခုထိ ငါ့ကိုဖုံးကွယ်ထားသေးတယ်ပေါ့လေ ဟမ် မင်းငါ့ဆီက ခွင့်ပြုချက်ရော တောင်းခဲ့လို့လား?? "

ဟော်သခင်ကြီး ဒေါသချောင်းချောင်းထွက်နေတော့သည်။

ပန်းအိုးတစ်ခုကို ရိုက်ခွဲလိုက်သောကြောင့် အပိုင်းအစများ လွင့််စင်သွားကာ ဟော်ရှောင်းရှောင်း၏ခြေထောက်ကို ထိသွားသည်။

" ငါ မင်းကို ပြောမယ်၊ ငါ သဘောမတူဘူး...လုမင်တောင်ကို ငါ ဘယ်သူ့ကိုမှ ထိခွင့်ပြုမှာ မဟုတ်ဘူး "

ဟော်ရှောင်းရှောင်း၏ရှေ့တွင် ရုတ်တရက် ခြေသံများ ရပ်တန့်သွားခဲ့သည်။

ဟော်ရှောင်းရှောင်းသည် လေးနက်ကာမှောင်မိုက်သည့် အမူအယာဖြစ်နေသည့် ဟော်ဆွေ့ချန်းကို မော့ကြည့်လိုက်သည်။ သူမ ကြောက်ရွံ့စွာ လှည့်လိုက်ကာ ဝိုးတိုးဝါးတားဖြင့် ညာဘက်သို့ ခြေတစ်လှမ်း လှမ်းလိုက်တော့သည်။

ဟော်ဆွေ့ချန်းက သူမကို ကြည့်လိုက်ပြီး တစ်ခုခု ပြောချင်သော်လည်း နောက်ဆုံးတွင်တိတ်ဆိတ်စွာ နေခဲ့သည်။ သူက တံခါးကို ဖွင့်လိုက်ပြီး သူမ အဝေးသို့ လျှောက်သွားခဲ့သည်။

ဦးလေးချန်သည် အပြင်မှ ဝင်လာပြီး သူ့သခင်၏ဖြူဖျော့နေသည့် မျက်နှာအား ကြည့်ကာ စိုးရိမ်တကြီး ပြောလိုက်သည်။ " သခင်ကြီး... "

ဟော်သခင်ကြီးသည် စားပွဲခုံကို လက်တစ်ဖက်ဖြင့် ကိုင်ကာ သူ့အား လက်ဝေ့ပြလိုက်သည်။ သူက ပင့်သက်ရှိုက်ရင်း " ထွက်သွားတော့ ငါ စိတ်အနှောင့်အယှက် မဖြစ်ချင်ဘူး " ဟု ပြောလိုက်သည်။

နေရာတစ်ခုလုံး ရှုပ်ထွေးနေသည်ကို ကြည့်ခြင်းဖြင့် ဦးလေးချန်သည် သူ့သခင်၏ကျန်းမာရေးကို စိုးရိမ်နေခဲ့သည်။ သို့သော်လည်း ဤအချိန်တွင်သူ့အား ဆွဲဆောင်ရန် မလွယ်ကူပေ။ ထို့ကြောင့် မထွက်ခွာခင်တွင် နှစ်သိမ့်မှုသာ ပေးနိုင်ခဲ့သည် " လူကြီးမင်းရဲ့ကျန်းမာရေးကိုပဲ ဂရုစိုက်ပါ...ဒေါသမထွက်ပါနဲ့ "

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now