Chapter 15:ဖေဖေ (၁)

6.6K 929 6
                                    

Chapter 15: ဖေဖေ (၁)

“ အလုပ်ကိစ္စခရီးစဥ်လား ဘယ်ကိုလဲ ”

“ ပြည်ပပူးပေါင်းဆောင်ရွက်မှုစီမံကိန်းကြီးတစ်ခုရှိတယ် ကျွန်တော် အဲ့ဒါကို ကိုယ်တိုင်ကြီးကြပ်ရမယ် ”

“ ပြည်ပကိုလား ဘယ်လောက်ကြာမှာလဲ ”

“ မြန်ရင်တော့ ၁လ ၂လပဲ မမြန်ရင်တော့ ၅လ ၆လလောက် ကြာနိုင်တယ် ”

သခင်ကြီးဟော် မျက်မှောင်ကြုတ်လိုက်တော့သည်။ “ မင်း သွားတာ ဘယ်လောက်ကြာကြာ ငါ ဂရုမစိုက်ဘူး...မင်း ရှောင်းရှောင်းရဲ့ရက်၁၀၀ပွဲအတွက် ပြန်လာရမယ် ”

ဟော်ဆွေ့ချန်းက သူ့အဖေကို လွယ်လွယ်နဲ့သဘောမတူခဲ့ပေ။ တကယ်တော့ သူက ဘယ်တော့မှ ကတိကို မလိုအပ်ဘဲ မပေးပေ။

“ ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ် ”

ထို့နောက်မှာတော့ သူ မတ်တပ်ရပ်ပြီး အနားယူဖို့ အပေါ်ထပ်ကို တက်သွားခဲ့သည်။

ဟော်ရှောင်းရှောင်း၏အခန်းကို ဖြတ်သည့်အချိန်တွင် သူ့ခြေလှမ်းများဟာ အနည်းငယ်ရပ်သွားခဲ့ပြီး တစ်ဝက်ပွင့်နေသည့် တံခါးမှတစ်ဆင့် အထဲကို ငေးကြည့်နေလေသည်။

သူမ၏ကလေးကုတင်နှင့် ချစ်စရာဝက်ဝံရုပ်လေးနှစ်ရုပ်ဘေးတွင် လိမ္မော်ရောင် ညမီးနှစ်ခု ရှိနေသည်။

ကလေးကုတင်ထဲမှာတော့ ကလေးလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သည်။

——

ညလယ်ခေါင်တွင်တော့ ဟော်ရှောင်းရှောင်းတစ်ယောက် ဗိုက်ဆာဆာနှင့် နိုးလာခဲ့သည်။ သူမ၏ ကလေးထိန်းဖြစ်သူ အန်တီကျိုးက သူမကို နို့ဘူးတိုက်ပေးသည်။ သူမ ဗိုက်ပြည့်ပြီး အင့်သွားတဲ့နောက်မှာတော့ အားရှောင်းနဲ့  မကြာသေးခင်က ဖြစ်သွားခဲ့သော အဖျားအကြောင်း ဆွေးနွေးရန် နောက်ဆုံးတော့ ခွန်အားရှိလာပြီဖြစ်သည်။

“ နင် ငါ့ကို သတ်ဖို့ ကြိုးစားနေတာလို့ ငါ ထင်တယ်... ပြီးတော့ ငါ့မှာ သက်သေလည်းရှိတယ်နော် သာမန်လူတစ်ယောက်ရဲ့အပူချိန်က ၄၂ ဒီဂရီလား ဟမ်... ငါ့ကို သေတဲ့ထိ လောင်ကျွမ်းပစ်ဖို့ ကြိုးစားနေတာလား ”

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now