Chapter 114: ချွဲအီတတ်ရမယ် (3)

4.6K 810 51
                                    

Chapter 114: ချွဲအီတတ်ရမယ် (3)

သူမ ပြောပြီးသည်နှင့် ဟော်ဆွေ့ချန်း ရုတ်တရက် စိတ်ဝင်စားလာသည်။ ဟော်ရှောင်းရှောင်းရဲ့အကြည့်အောက်မှာပဲ သူ ခေါက်ဆွဲကို စားပြီးသွားသည်။

ဟော်ရှောင်းရှောင်းက သူ့ကို တစ်ရှူး ကမ်းပေးလိုက်သည်။

" ဆက်ပြော၊ ဘာကိစ္စလဲ "

ဟော်ရှောင်းရှောင်း ဒူးထောက်ကာ သူ့ဘေးမှာ ထိုင်လိုက်သည်။ သူမ မပြောမီ ညှိုးငယ်နေဟန်ဆောင်ကာ သက်ပြင်းချလိုက်သေးသည်။ " ဖေဖေ၊ သမီး တောင်းပန်ပါတယ် "

ဟော်ဆွေ့ချန်း သူ့မျက်လုံးများကို ကျဥ်းမြောင်းလိုက်သည်။ " မင်း ဘာအမှားလုပ်မိလို့လဲ "

ဟော်ဆွေ့ချန်းက သူ့အ၀တ်အစားများကို လဲရန် အပေါ်ထပ်သို့ မတက်ရသေးပေ။ မနက် သူ ထွက်သွားတုန်းကအတိုင်း ရှပ်အင်္ကျီ၊ သူ့ခါးကို ပတ်ထားတဲ့ ခါးပတ်နဲ့ ဘောင်းဘီရှည်ကိုသာ ဝတ်ထားတုန်းပင်။

ဟော်ရှောင်းရှောင်း တံတွေးကို အနည်းငယ် ဖျစ်ညစ်မျိုချလိုက်ရသည်။

သူမက ၀န်ခံသူတို့၏ သက်ညှာခံနိုင်ရမှုနှင့် ဆန့်ကျင်သူတို့၏ ပြင်းထန်မှုများနှင့်ပတ်သတ်သော အတွေးများရုန်းကန်နေမှုထဲတွင် အကျပ်ရိုက်နေခဲ့သည်။

သူမအဖေက သူမကို ကလေးဘ၀အပြည့်အစုံ ပေးဖို့ ကြိုးစားနေတာကို သူမ မှတ်မိတယ်။ ပြီးတော့ ဒီတစ်ခေါက်က အမှန်တကယ် ဖြစ်လိမ့်မယ်ဆိုတာ ဘယ်သူသိမှာလဲ။

အန္တရာယ်ကင်းကင်းရှိနေဖို့ အခု သူမ ကလေးတစ်ယောက်လိုသာ ပြုမူနေနိုင်သည်။

ဟော်ရှောင်းရှောင်း သူမကိုယ်လေးကို လှည့်ပြီး ဟော်ဆွေ့ချန်း၏လက်မောင်းများကို ဆုပ်ကိုင်ကာ လက်မောင်းများကို ဆက်တိုက် လှုပ်ခါနေသည်။ ထို့နောက် သူမရဲ့နှုတ်ခမ်းလေးကို စူလိုက်ပြီး ချိုချိုသာသာလေး စကားပြောလိုက်၏။ " ဖေဖေ! ရှောင်းရှောင်းက ဖေဖေ့ကို သဘောအကျဆုံးပဲ...ဖေဖေကရော ဘာကိုပိုသဘောကျတာလဲ၊ သမီးလား အလုပ်လား?? "

" ... " ဟော်ဆွေ့ချန်း တိတ်ဆိတ်သွားသည်။ ခဏကြာပြီးနောက် သူ အော်လိုက်သည်။ " အန်တီကျိုး ၊ ကျေးဇူးပြုပြီး ကျွန်တော့်ဆီ ကြက်မွှေး ယူလာပေးပါ "

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Opowieści tętniące życiem. Odkryj je teraz