Chapter 137 : အိမ်အပြန် (၁)

3.9K 687 6
                                    

Chapter 137 : အိမ်အပြန် (၁)

Ocean Park ရှိညသည် တစ်နေ့တာ၏ ရှုပ်ထွေးပွေလီမှုများနှင့် မတူတော့ပေ။ ငြိမ်းချမ်းတိတ်ဆိတ်ကာ လူတိုင်းကို စိတ်အေးချမ်းမှုပေး၏။

ဟော်ဆွေ့ချန်းသည် အောက်ထပ်မှတစ်ဆင့် ဒုတိယထပ်ရှိ ဧည့်ခန်းသို့တက်လာသည်။

အန်တီကျိုးသည် ဧည့်ခန်းရှိဆိုဖာပေါ်တွင်ထိုင်နေပြီး အတော်လေး မငြိမ်မသက် ဖြစ်နေခဲ့သည်။

ဟော်ရှောင်းရှောင်းသည် အလွန်ထက်မြက်ပြီး ချစ်စရာကောင်းကာ ပုံမှန်အားဖြင့် သူမအား အန်တီဟုခေါ်ဆိုပြီး သူမကိုပျော်ရွှင်စေသည်။ သူမကို အိမ်ထိန်းတစ်ယောက်လိုမဆက်ဆံဘဲ အန်တီတစ်ယောက်အဖြစ် အမှတ်တကယ် စဉ်းစား၏။

သူမသည် ရှောင်းရှောင်းကို အချိန်ကြာမြင့်စွာ ဂရုစိုက်ခဲ့သောကြောင့် အနည်းငယ် တစ်ကိုယ်ကောင်းဆန်မိသည်။

အချို့သော မိဘများနည်းတူ သူမသည်လည်း ဤကလေးမှာ လိမ္မာရေးခြားရှိသည်ဟု ခံစားခဲ့ရပြီး တစ်ခါတစ်ရံဆိုးသွမ်းခြင်းမှာ စိတ်ညစ်စရာကိစ္စ ကြီးကြီးမားမားလည်း မဟုတ်ပေ။

ကလေးတွေအားလုံး ဒီလိုပဲလေ. . . မဆိုးတဲ့သူများ ရှိလို့လား??

ထို့ပြင် ရှောင်းရှောင်းသည် အိမ်တွင် အလွန်နာခံ၏။

ဟော်ဆွေ့ချန်းရောက်လာစဥ်တွင် သူမသည် ချက်ချင်းဆိုသလို ဆိုဖာပေါ်မှထလိုက်ပြီး " ရှောင်းရှောင်း အိပ်ပျော်သွားပြီလား သခင်လေး "

"ဟုတ်တယ် သူအိပ်ပျော်သွားပြီ"

" ကလေးကို ရိုက်တော့ မရိုက်လိုက်ဘူးမလား"

သူသောက်ရန် ရေအနည်းငယ်ငှဲ့ထည့်နေသော ဟော်ဆွေ့ချန်းတစ်ယောက် ခဏရပ်သွားပြီး အန်တီကျိုးကို မယုံကြည်နိုင်သောအကြည့်ဖြင့် ပြန်ကြည့်လိုက်၏။ " ဘာ​လို့ ... ကျွန်တော်က သူ့ကိုရိုက်ရမှာလဲ "

သူအမြဲတမ်း ကလေးကို ကြက်မွှေးနဲ့ရိုက်မယ်လို့ ပြောနေခဲ့တယ်ဆိုတာ ခြောက်လှန့်ဖို့သက်သက်ပဲလေ. . . သူ့ကလေးရဲ့ လက်ဖျားလေးကိုတောင် ဘယ်တုန်းက ထိခဲ့ဖူးလို့လဲ??

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now