Chapter 19: ဖေဖေက ပိုအရေးကြီးတယ်(၃)

6.6K 958 14
                                    

Chapter 19: ဖေဖေက ပိုအရေးကြီးတယ် (၃)

“ အိပ်ချင်နေတာလား ”

ဟော်ရှောင်းရှောင်း သမ်းလိုက်ပြီး ဟော်ဆွေ့ချန်း၏ခြေထောက်ကို ကိုင်ကာ သူမ၏မျက်စိကို ပိတ်လိုက်တော့သည်။

သူမနဲ့ ဘယ်သူမှ စကားမပြောသရွေ့ သူမ အရမ်းအိပ်ငိုက်တာကြောင့် မတ်တပ်ရပ်ရင်းတောင် သူမ အိပ်နိုင်လေသည်။

ဟော်သခင်ကြီးက သူ့နောက်ကနေ တိုးတိုးလေးပြောလိုက်သည်။ “ ကလေးကို အနားယူဖို့ အခန်းကို ပြန်ခေါ်သွားလိုက် ”

ဟော်ဆွေ့ချန်း နှုတ်ဆက်လိုက်ပြီး ဟော်ရှောင်းရှောင်းကို ချီလိုက်သည်။ သူမ၏ပါးက သူ့ပခုံးအား ထိလိုက်သည့်အခါ ဟော်ရှောင်းရှောင်း သတိလွတ်သွားပြီး ပါးစပ်တစ်ဝက်ပွင့်နှင့်အိပ်ပျော်သွားတော့သည်။

ဟော်ဆွေ့ချန်းက ကလေးများနှင့် ထိတွေ့မှုမရှိသည့်အတွက် သူမ၏အိပ်စက်ခြင်းကို ပထမဆုံးအကြိမ် သေချာမြင်ဖူးခြင်းဖြစ်သည်။ သူက သူမကို ညင်ညင်သာသာ ဆုပ်ကိုင်ထားပြီး သူမ၏ကလေးအခန်းထဲရှိ ကလေးခုတင်ထဲတွင် ထည့်ထားလိုက်သည်။ ကလေးက နိုးရန် လွယ်ကူလေသည်။ သူက သူ့ကို အိပ်ယာပေါ်တွင် တင်လိုက်သည်နှင့် သူမ၏မျက်လုံးများအား ချက်ချင်း ဖွင့်လိုက်တော့သည်။ သို့သော်လည်း သူမရှေ့ရှိ ဟော်ဆွေ့ချန်းအား တွေ့ပြီး မျက်လုံးများကို ပိတ်လိုက်တော့သည်။

အခန်းက မှိန်မှိန်လေး မီးထွန်းထားပြီး အိပ်ရာထိပ်တွင် ညမီးနှစ်ခုကို ချန်ထားခဲ့သည်။ အိပ်ရာဘေးရှိ ချစ်စရာကောင်းသည့် ဝက်ဝံရုပ်လေးနှစ်ရုပ်သည် လွန်ခဲ့သည့်တစ်နှစ် ပြည်ပသို့ မသွားခင်က သူ မြင်ခဲ့တဲ့အတိုင်းပါပင်။

သူက အိပ်ယာအစွန်းတွင် ရပ်နေပြီး သူမ၏ပါးဖောင်းဖောင်းလေးနှစ်ခုကို ကြည့်လိုက်သည်။  သူက သူမ၏အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးရန် မစဥ်းစားဘဲ သူ့လက်ကို ဆန့်လိုက်ပြီး နတ်သမီးလေးနှင့်တူသည့် သူမကို ဆွဲဆိတ်လိုက်သည်။

ဒါက အရမ်းထူးဆန်းလေသည်။ ဒီမျက်နှာလေးက သူ့လက်ဖဝါးတွေလောက်တောင် မကြီးပေမယ့် တို့ဖူးထက်တောင် ပိုနူးညံ့သေးသည်။ သူမမျက်နှာလေးကို ဆွဲဆိတ်လိုက်သည့်အချိန်က ပြင်းထန်လွန်တဲ့ မီးက နူးညံ့တဲ့ငှက်သိုက်မုန့်လေးနဲ့ တွေ့သလိုမျိုး ပြောမပြနိုင်တဲ့ နွေးထွေးမှုက သူ့လက်ဖဝါးကနေ သူ့ရင်ဘတ်ကို တိုက်ရိုက်ရောက်သွားတော့သည်။ အရမ်းထူးဆန်းလေသည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now