Chapter 124: မထင်မှတ်သော တွေ့ဆုံမှု (၁)

4.3K 722 4
                                    

Chapter 124: မထင်မှတ်သော တွေ့ဆုံမှု (၁)

ဟော်ရှောင်းရှောင်းနှင့် သူမတို့အဖွဲ့ လာရောက်လည်ပတ်သော Ocean Park သည် မြို့တော် S တွင် အကြီးဆုံး Ocean Park ဖြစ်ပြီး အပန်းဖြေနေရာ ၄၀ ကျော်နှင့် ဟက်တာ ၃၀ ကျော်ဖြင့် ဖုံးလွှမ်းထားသည်။ ပိတ်ရက်များတွင် ပန်းခြံတစ်ခုလုံးသည် လူတွေနှင့် ပြွတ်ခဲနေ၏။

ပန်းခြံသည် အထူးအပန်းဖြေစားသောက်ဆိုင်အချို့ကိုလည်း ကမ်းလှမ်းခဲ့တာကြောင့် ၎င်းသည် သိသိသာသာကို ကွဲပြားစေသည်။ မိဘများအနေနှင့် စားသောက်ဆိုင်များသည် စျေးကြီးသော်လည်း သူတို့ကလေးတွေအတွက် အကောင်းဆုံးကို ရွေးချယ်ကြလိမ့်မည်။ နေ့လည်စာစားချိန်ရောက်သောအခါ နေရာများသည် လူများဖြင့် ပြည့်ကျပ်နေသည်။ တစ်ခါတစ်ရံ ထိုနေရာတွင် လူတန်းရှည်ကြီးရှိနေပြီး ဝယ်လိုအားက ရောင်းလိုအားထက် အများကြီးပိုနေသည်။

တမူထူးခြားစွာ ခင်းကျင်းထားသော အထူးစားသောက်ဆိုင်တစ်ခု၏အပြင်ဘက်တွင် ကလေးတွေနှင့် မိဘတွေ ထိုင်ရင်း တန်းစီနေကြသည့် လူတန်းရှည်ကြီး ရှိနေသည်။

" ဒီတိုင်း fast-foodစားသောက်ဆိုင်တစ်ခုကို သွားပြီး တစ်ခုခု စားလိုက်ရအောင်လို့ ကိုယ် မင်းကို ပြောသားပဲ. . . ဒါပေမယ့် မင်းက ဒီကိုလာတယ်၊ လူတန်းက အရမ်းရှည်နေသေးတယ် "

" fast foodတွေက အာဟာရအရမ်းနည်းတယ်၊ ချန်းချန်းက ကြီးထွားနေတဲ့အချိန်မှာ သူမကို ဒီအစားအသောက်တွေ ဘယ်လိုလုပ်ကျွေးရမှာလဲ?? ခဏစောင့်လိုက်ပါ၊ အရမ်းကြာမှာမဟုတ်ပါဘူး "

" ဖေဖေ၊ ချန်းချန်း ဗိုက်ဆာနေပြီ "

" ချန်းချန်း. . . လိမ္မာလေ နည်းနည်းထပ်စောင့်လိုက်နော်၊ မေမေတို့အလှည့် ရောက်ခါနီးပြီ. . . မေမေ့ဆီမှာ နို့ဘူးရှိတယ်၊ နည်းနည်း အဆာပြေအောင် ဒါကို အရင်သောက်ထားလိုက်နော် "

အမျိုးသမီးက ကလေးတွန်းလှည်းမှ နို့ဘူးတစ်ဘူးကို ထုတ်လိုက်ပြီး ကလေးမလေးရဲ့လက်ထဲ ထည့်ပေးလိုက်သည်။

" အိုး၊ ဒါက ရှင့်ရဲ့သမီးလေးလား?? အရမ်းချစ်စရာကောင်းတာပဲ " စတိုးဆိုင်အပြင်ဘက်တွင် တန်းစီနေသော အစ်မကြီးတစ်ဦးကလည်း ဤမျှချစ်စရာကောင်းသော ကလေးမလေးကို မြင်သောအခါ သူမသမီးကို မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Où les histoires vivent. Découvrez maintenant