Chapter 121 : အဖေတွေအားလုံး အတူတူပဲလား (၃)

4.1K 768 28
                                    

Chapter 121 : အဖေတွေအားလုံး အတူတူပဲလား (၃)

" ဂျယ်လီငါးဆိုတာ ဘာလဲ?? " ရေခဲမုန့်က တစ်ဝက်သာကျန်တော့သည်။

ဟော်ဆွေ့ချန်း သူမအားတစ်ချက်ကြည့်လိုက်ပြီး သူမပါးစပ်နားမှ ရေခဲမုန့်ကို လုယူလိုက်၏။ " တစ်ဝက်လောက်ပဲ သမီးစားလို့ရမယ် "

သူမပါးစပ်ထဲမှ ရေခဲမုန့်လေး ပျောက်သွားသောအခါ ဟော်ရှောင်းရှောင်း မျက်မှောင်ကြုတ်ပြီး " ဒါပေမယ့် အဲ့ဒါ အလကားဖြစ်သွားမှာပေါ့ " ဟုဆိုသည်။

" အလကား မဖြစ်ပါဘူး " ဟော်ဆွေ့ချန်းသည်တော့ သူမ ညစ်ပတ်အောင်လုပ်ထားလားကိုတောင် မစဥ်းစားသည့်အလား နှစ်ကိုက်မျှကိုက်စားလိုက်၏။ " ဖေဖေပဲ စားလိုက်တော့မယ် "

" ..." ကလေးဆီက မုန့်ကိုလုယူတဲ့ သူမအဖေက တကယ်ကို အရှက်မရှိဘူး!!

ဟော်ရှောင်းရှောင်း ခြေတိုတိုလေးများဖြင့် သူ့ကိုကန်ထုတ်နေ၏။ " အောက်ဆင်းချင်တယ်!"

ဟော်ဆွေ့ချန်းက သူမကိုချပေးလိုက်သည်။

ယီချန်းက သူမဆီ တိတ်တဆိတ်လမ်းလျှောက်လာပြီး တိုးတိုးလေးကပ်ပြော၏။ "စိတ်မဆိုးနဲ့၊ ငါ့ရေခဲမုန့်အားလုံးကို မင်းအတွက် သိမ်းပေးထားတယ်. . . ငါမစားထားဘူး၊ ရော့ ဒီမှာ "

ရာသီဥတုသည် ပူပြင်းလွန်းသဖြင့် ယီချန်း၏လက်ထဲရှိ ရေခဲမုန့်မှ အချွန်လေးသည် ကာတွန်းကားတွေထဲကလို အရည်ပျော်သွားတော့သည်။ လက်ပေါ်တွင်လည်း ရေခဲမုန့်အရည်များ စီးကျနေ၏။

" ယီချန်း နင်က အရမ်းကြင်နာတတ်တာပဲ " ဟော်ရှောင်းရှောင်း ဟော်ဆွေ့ချန်းအား မော့ကြည့်လိုက်ကာ သူမအဖေ ဂရုမပြုမိသေးမှီ ယီချန်းလက်ထဲရှိ ရေခဲမုန့်ကို နှစ်ကိုက်မျှကိုက်စားလိုက်၏။

ဟော်ဆွေ့ချန်း သူမကိုကြည့်လိုက်စဥ် ပါးစပ်နားရှိ ချောကလက်အစွန်းအထင်းများကို သတိပြုမိသွားသည်။

သူမဒေါသထွက်နေသော်လည်း သူမရဲ့လုပ်ရပ်တွေကြောင့် ပျော်နေမိသေးသည်။

" ဟော်ရှောင်းရှောင်း. . . မင်းလေး အစာခိုးစားပြီးရင်လည်း ကိုယ့်ပါးစပ်ကိုယ် သန့်ရှင်းရေးလုပ်ဦး "

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now