Chapter 44: ယောင်္ကျား ပီသပါ ဖေဖေ (၂)

5.7K 908 27
                                    

Chapter 44: ယောင်္ကျား ပီသပါ ဖေဖေ (၂)

" နိုးနေပြီလား "

ဟော်သခင်ကြီးက လည်ချောင်းကို ရှင်းလိုက်ပြီး မိမိကိုယ်ကို ဂုဏ်ယူနေသည့် ပုံစံပျောက်သွားကာ ပြောလိုက်သည်။ " အဆင်ပြေပါတယ်. . . ဒါက ဘာမှမဟုတ်ပါဘူး "

" ဒါက စိုးရိမ်စရာ မဟုတ်ပေမယ့် နှလုံးအခြေအနေကတော့ မကောင်းဘူးလို့ ဆရာဝန်က ပြောတယ်...ဒီတစ်ခေါက်တော့ ဆေးရုံမှာ ရက်အနည်းငယ် နေရမယ် "

" ငါ့ကိုယ်ကို ငါ သိတယ်...ငါ ဆေးရုံတက်ဖို့ မလိုဘူး "

" ဆေးရုံမှာ ရက်အနည်းငယ် နေပြီး အနီးကပ်စစ်ဆေးတာက ပိုကောင်းတယ် "

" ငါ မတက်ဘူးလို့ ပြောနေတယ်လေ "

အဲ့ဒါနဲ့ပဲ သားအဖနှစ်ယောက်က စကားအနည်းငယ်နဲ့ ထိပ်တိုက်တွေ့ကြပြန်သည်။

ဟော်ရှောင်းရှောင်းက သူမအဘိုး၏လက်ကို ကိုင်ကာ ထစ်ထစ်အအဖြင့် ပြောလေသည် " နေမကောင်းဖြစ် ... ဆေးရုံ ... တက်ပြီး၊ ကျန်းမာရေး စစ်ဆေးရင်၊ ဘိုးဘိုး ကောင်းသွားမယ် "

ချန်ပေါ်လည်း လေထုကို တစ်ဘက်ဘက်မှ လျှော့ချပေးခဲ့သည်။ " ဟုတ်တယ်၊ ဆရာ...ရှောင်းရှောင်းတောင် ဆရာ မကျန်းမာဘူးဆိုတာ သိတယ်...ဆရာ ဘာလို့ဒီလောက်အရမ်းခေါင်းမာနေရတာလဲ "

အရင်ကလူအများစုသည် ဆရာဝန်များကို ရှောင်ရှားကြသည်။ ဟော်သခင်ကြီးသည် ဆေးရုံရှိ ပိုးသတ်ဆေးအနံ့ကို တကယ်မနှစ်သက်ပေ။ ထို့ပြင် အဖြူရောင်သည်လည်း တစ်ချက်ကြည့်ရုံမျှဖြင့် သူ့အား မပျော်မရွှင်ဖြစ်စေသည်။

သို့သော်လည်း သူတို့သည် အရမ်းဇွဲကောင်းနေ​ရုံသာမက သူ့၏ဟန်ဆောင်နာမကျန်းမှုကြောင့် အပြစ်ရှိနေသည့် စိတ်ကြောင့်ပါ သူ ဆက်နေရန် အင်တင်တင်ဖြင့် သဘောတူလိုက်ရသည်။

" ဒါဆို ကောင်းကောင်းအနားယူပါ...ကျွန်တော် ဒီကို အိမ်ကနေ တစ်ယောက်ယောက် လွှတ်လိုက်မယ်...ကျွန်တော် မနက်ဖြန်မှ တွေ့ဖို့ ထပ်လာခဲ့မယ် "

" သွား သွား "

ဟော်ဆွေ့ချန်း သူ့သမီးကို ကြည့်လိုက်သည်။ ဟော်ရှောင်းရှောင်းက သူမအဘိုး၏လက်ကို ယူပြီး ပြောလိုက်သည်။ " ဘိုးဘိုး အိပ်နေတယ်၊ ရှောင်းရှောင်း...မနက်ဖြန်...ဘိုးဘိုးကို ကြည့်မယ် "

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now