Chapter 104: အာမခံချက် (၂)
ဟော်ဆွေ့ချန်း ရုတ်တရက် ထလာသည်။
သူ့နံဘေးတွင် အိပ်နေသော ဟော်ရှောင်းရှောင်းကို ကြည့်ကာ ထလိုက်ပြီး ရေတစ်ငုံသောက်လိုက်သည်။
————
သူ ခုနက မက်ခဲ့သည့် အဓိပ္ပါယ်မရှိသည့် အိပ်မက်အကြောင်း တွေးရင်း သူ ခဏလောက် ဆွံ့အသွားခဲ့သည်။
သူ နားလည်ရခက်နေသည်ကို သဘောပေါက်သွားသည်။ သူ ဒီလိုအိမ်မက်မျိုးကို ဘယ်လိုလုပ်မက်နိုင်ရတာလဲ??
သူနဲ့ နှစ်ကြိမ်ပဲ တွေ့ဆုံဖူးတဲ့ စုယွမ်ချင်းကို သူ ဘယ်လိုလုပ်အိပ်မက်မက်ရတာလဲ??
ပြီးတော့ သူ့အိပ်မက်ထဲမှာ သူက စုယွမ်ချင်းကိုတောင် လက်ထပ်ခဲ့သေးတယ်။
" အင်း... ဒီတိုင်း ထွက်သွား! " ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ ဟော်ရှောင်းရှောင်းက ငိုကြွေးပြီး သူမအိပ်မက်ထဲမှာ ပြောလိုက်သည်။ " သမီးကို စွန့်ပစ်စရာ မလိုဘူး!! သမီး ကိုယ့်ဘာသာကိုယ် သွားမယ်! "
ဟော်ဆွေ့ချန်းက ဟော်ရှောင်းရှောင်းရဲ့နဖူးကို ထိလိုက်ပြီး ရုတ်တရက် ရယ်လိုက်သည်။
အမှန်တော့၊ နေ့မှာ မင်း တွေးနေတဲ့အရာကို ညမှာ မင်း အိပ်မက်မက်လိမ့်မှာဖြစ်သည်။ ဒီနတ်ဆိုးလေးက အသက်ပင် မကြီးသေးသော်လည်း တခြားလူတွေထက် ဒေါသပိုကြီးသည်။ အကယ်၍ သူသာ သူမလေးကို သူ့အိပ်မက်ထဲကလို အနိုင်ကျင့်ခဲ့ပါက သူမလးက တကယ်ပဲ အိမ်မှ ထွက်ပြေးမှာဖြစ်သည်။
" နတ်ဆိုးလေး၊ ဘယ်သူမှ မင်းကို မောင်းထုတ်မှာ မဟုတ်ဘူး "
သူ့ကတိကို ကြားလိုက်ပုံရသည်၊ ဟော်ရှောင်းရှောင်း ဗလုံးဗထွေးဖြင့် ရေရွတ်နေတာ ရပ်သွားတော့သည်။ သူမမျက်ခုံးများလည်း ပြေလျော့သွားပြီး သူမ တိတ်ဆိတ်စွာ အိပ်ပျော်သွားတော့သည်။
————
ဒါက အိပ်မက်ဆိုးကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်လည်း နောက်တနေ့တွင် ဟော်ရှောင်းရှောင်း အာရုံမစိုက်နိုင်ဘဲ အရမ်းနုံးချည့်နေ၏။ ကလေးတွေရဲ့မိဘများ ပြောပြသော အိပ်ရာဝင်ပုံပြင်များကို ကလေးများ ပြန်ပြောပြနေသည်ကို နားထောင်ရင်း သူငယ်တန်းကျောင်းတွင် သူမ စိတ်ဓာတ်ကျနေတော့သည်။
YOU ARE READING
ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )
HumorGuide The Villain Father To Be Virtuous Author_公子闻筝 English Translator_Chichipeph Burmese Translators_ Xiao LiuShu & Xiao Shu Start Date_25.1.2021 End Date_ All credit to original author and English translators.