Chapter 47: ကိုယ့်ပစ္စည်းတွေ ပြန်ယူတာကို ခိုးတယ်လို့ သတ်မှတ်နိုင်လား(၁)

5.7K 923 19
                                    

Chapter 47: ကိုယ့်ပစ္စည်းတွေ ပြန်ယူတာကို ခိုးတယ်လို့ သတ်မှတ်နိုင်လား(၁)

ထိုနေ့ညတွင် ဟော်မိသားစုသုံးယောက်လုံးသည် ကောင်းစွာမအိပ်ပျော်ကြပေ။

သူတို့ထဲတွင် ဟော်ရှောင်းရှောင်းသည် အဆိုးဆုံးဖြစ်သည်။ သူမ၏ အလွန်တရာရက်စက်တတ်သောဖခင်သည် သူမထံမှသိမ်းယူခဲ့သော သူမ၏ကိုယ်ပိုင်ငွေများကို တစ်ညလုံးစဉ်းစားနေမိသည်။

သူမသည် အိပ်မက်တောင်မက်ခဲ့လေသည်။

အိပ်မက်ထဲတွင် သူမရဲ့အလွန်ဆိုးညစ်သောဖခင်က သူမ၏ရှေ့တွင် ထိုလွယ်အိတ်လေးအား ပြလာလေသည်။

" ရှောင်းရှောင်း ဒါမင်းလေးရဲ့ကားသော့လေးပဲ. . . နောက်ပိုင်းကျရင် အဖေကမမတစ်ယောက်နဲ့ အတူမောင်းမယ်နော် "

" ဒါကမင်းရဲ့ ဗီလာသော့ပဲ. . . နေမယ့်လူလည်း ဘယ်သူမှမရှိပါလား. . .  အဖေက မမချောချောလေးကို နှစ်ရက်လောက်နေခွင့်ပြုလိုက်မယ်နော် "

" သမီးက ကလေးလေးတစ်ယောက်ပဲလေ။  ဒီစိန်လည်ဆွဲက သမီးနဲ့သိပ်အဆင်မပြေဘူး. . . မင်းရဲ့ဖေဖေ အရမ်းလှတဲ့မမတစ်ယောက်ကို ပေးလိုက်တော့မယ် "

ဟော်ရှောင်းရှောင်း အရမ်းဒေါသထွက်ခဲ့ပြီး သူမခြေထောက်ကို ကန်လိုက်မိသည်။

သူမရဲ့ခြေထောက်သည် ပုခက်ပတ်ပတ်လည်တွင်ရှိသော အစွန်းကို ကန်လိုက်မိပြီး သူမနိုးသွားတော့သည်။

ထိုအိပ်မက်ကို သူမအမှတ်ရနေသဖြင့် သူမအလွန်အမင်းဒေါသထွက်ကာ အိပ်ရာကိုထုလိုက်တော့သည်။

မနက်စောစောတွင် ဟော်ရှောင်းရှောင်းသည် အန်တီကျိုးမလာခင် နိုးလာခဲ့သည်။ သူမသည် ပြတင်းပေါက်ကိုကြည့်လျက် စားပွဲပေါ်တွင် တစ်ယောက်တည်းထိုင်နေလေသည်။  အဘွားအိုပေါက်စလေးတစ်ဦးကဲ့သို့ပင် သူမသည် ဤကမ္ဘာ၏ မမျှတမှုနှင့် လူတို့နှလုံးသား၏ ဆိုးညစ်ယုတ်မာသည့် စိတ်ခံစားမှုများကို ညည်းညူနေတော့သည်။

အရှေ့ဘက်မှနေရောင် တဖြည်းဖြည်းထွက်လာသည်နှင့်အမျှ ဟော်ရှောင်းရှောင်းသည် ကမ္ဘာကြီးကို အခါအားလျော်စွာညည်းညူပေသည်။  အန်တီကျိုးက တံခါးကိုဖွင့်လိုက်လေသည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Opowieści tętniące życiem. Odkryj je teraz