Chapter 116: ခွင့်လွှတ်မှု (၁)

4.3K 740 17
                                    

Chapter 116: ခွင့်လွှတ်မှု (၁)

ဟော်သခင်ကြီးက အရင်မတ်တတ်ထရပ်လိုက်ကာ အန်တီကျိုးလက်ထဲမှ ကြက်မွှေးကို ယူလိုက်ချိန်ထိ ဟော်ဆွေ့ချန်း မရွေ့သေးပေ။ သူ ဟော်ဆွေ့ချန်းကို စိန်းစိန်းဝါးဝါးကြည့်လိုက်ပြီး ဆူငေါက်လိုက်၏။ " ငါ ရှိနေတာကို မင်း ရိုက်ရဲလား! မင်း သူမကို ထိရဲလား?? မင်း ငယ်ငယ်လေးကတည်းက ငါ မင်းကို မရိုက်ဖူးဘူး! မင်း အခုစမ်းကြည့်ချင်လား "

အန်တီကျိုးလည်း ဟော်ဆွေ့ချန်း၏ရည်ရွယ်ချက်ကို သဘောပေါက်သွားကာ မကျေမနပ်နှင့် မျက်မှောင်ကြုတ်လိုက်၏။ " သခင်လေး သူမက မသိနားမလည်တဲ့ ကလေးတစ်ယောက်ပါပဲ၊ သူမကို စိတ်ရှည်ရှည်လေး သင်ကြားပေးပါ. . . ဘယ်လိုလုပ်ကလေးကို ရိုက်နိုင်ရတာလဲ "

ယီချန်းသည်လည်း ဟော်ဆွေ့ချန်းကို သတိကြီးစွာ စိုက်ကြည့်နေသည်။ သူက စကားတစ်ခွန်းမှ မပြောပေမယ့်လည်း ' ဦးလေး သူ့ကို ရိုက်လိုမရဘူး ' လို ပြောဖို သူ့မျက်လုံးနှင့် ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို သုံးနေခဲ့သည်။

သူမဘက်တွင် အခန်းအပြည့်လူများရှိနေတာက ဟော်ရှောင်းရှောင်း၏သတ္တိကို တိုးလာစေတာကြောင့် သူမ ပြောလိုက်သည်။ " ဟုတ်တယ်၊ ဟုတ်တယ် "

ဤအရာအားလုံးက သူ့အကျိုးအတွက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သိုတိုင် သူမ၏ကြင်နာမှုကို ကျေးဇူးတုန့်ပြန်သည့်အနေနှင့် ဘာမျှမရခဲ့သည့်အပြင် မညှာမတာတောင် အရိုက်ခံရနိုင်သည်။

သူ နောက်ကျရင် သူမကို ကျေးဇူးတင်လိမ့်မယ်!!

ပါးနပ်တဲ့ နတ်ဆိုးလေးနဲ့ တူတဲ့ ဟော်ရှောင်းရှောင်း၏မျက်နှာလေးကြောင့် ဟော်ဆွေ့ချန်း ဒေါသတကြီး အော်ရယ်မိလုနီးပင်။

အမှန်ပဲ!သူမကို ကာကွယ်ပေးနေတဲ့လူတွေ အများကြီးရှိတာကြောင့် သူမမှာ ကြောက်စရာ ဘာမှမရှိဘူး။

ထိုကြောင့် လူတိုင်း၏မျက်လုံးများအောက်တွင် ဟော်ရှောင်းရှောင်းကို စိုက်ကြည့်လိုက်သော်လည်း သူမအပေါ်ချိန်းခြောက်နိုင်သည့် သက်ရောက်မှုမျိုး မရှိချေ။

" မင်း အဖေ့ရဲ့ပစ္စည်းတွေကို နောက်တစ်ခေါက် ထပ်ထိရင် မင်းကို ဘယ်သူပဲကာကွယ်ပေးပေး အဲ့ဒါအသုံးမဝင်ဘူး "

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now