Chapter 129 : နားလည်မှုလွဲခြင်း (၁)

4.1K 725 4
                                    


Chapter 129 : နားလည်မှုလွဲခြင်း (၁)

ဟော်ရှောင်းရှောင်းသည် ယနေ့အဖို့ သူမ၏ လောဘကြီးလွန်းခဲ့သော အပြုအမူကို နက်နက်နဲနဲပြန်စဥ်းစားနေလျက် အိပ်ရာပေါ်တွင် လှဲနေခဲ့သည်။

ကလေးတစ်ယောက်က အကြော်တွေအများကြီး မစားနိုင်ဘူးဆိုတာကို သူမ သိပေမယ့် သူမပါးစပ်လေးက စားချင်နေတာကို သူမ မတားနိုင်ခဲ့ပေ။

အရသာရှိလို့ စားခဲ့မိတာပါ!

အခုတော့ သူမရဲ့ခန္ဓာကိုယ်လေးက နေလို့ထိုင်လို့မကောင်းဖြစ်နေပြီး သူမကစားနိုင်တော့ပေ။ ဆိုလိုတာက သူမရဲ့တစ်နေ့တာလုံး အလဟသ ဖြစ်သွားတော့မယ်။

ယီချန်းက အခန်းထဲကိုဝင်လာကာ ကုတင်ပေါ်တွယ်တက်လာပြီး " ရှောင်းရှောင်း မင်းဘာဖြစ်နေတာလဲ " ဟု မေးလာသည်။

ဟော်ရှောင်းရှောင်းက " ငါ ကြက်ကြော်တွေအရမ်းစားထားလို့ မအီမသာ ဖြစ်နေတာ "

"ငါ ဦးဦးဟော်ကို ပြောပြလိုက်မယ် "

ဟော်ရှောင်းရှောင်းက သူ့ကို ချက်ချင်းဖမ်းဆွဲထားလိုက်၏။ " မဟုတ်ဘူး! နင်သွားပြောလို့ မရဘူး၊ အဖေသိသွားရင် သူငါ့ကို နောက်ထပ်သင်ခန်းစာတစ်ခု ထပ်ပေးလိမ့်မယ် "

" ဒါပေမယ့် မင်းနေလို့မကောင်းဘူးမလား "

" ငါအခုပဲ အိပ်တော့မယ်! ဘာမှ ထပ်မပြောနဲ့တော့နော်! "

ယီချန်းက စိုးရိမ်နေပုံရသည်။ " အန်တီကျိုးကို သွားပြောပြရမလား??"

" မဟုတ်ဘူး! ငါ့အန်တီက ဖေဖေ့ကို သွားပြောပြလိမ့်မယ်၊ ငါအဆင်ပြေပါတယ် တကယ်! အခု ခဏလောက် အိပ်လိုက်မယ်။ ညနေကျရင် မီးရှူးမီးပန်းတွေပစ်မယ်လို့ ငါကြားထားတယ်၊ မဟုတ်ရင် ငါတို့အတူတူ မီးရှူးမီးပန်းတွေ လွှတ်လို့ရမှာ မဟုတ်တော့ဘူးနော် "

"မင်းတကယ် အဆင်ပြေမှာလား??"

" သေချာတယ်!"

ယီချန်းက မဝံ့မရဲ ခေါင်းငြိမ့်လိုက်၏။ " ဟုတ်ပြီလေ...ကောင်းကောင်းအနားယူလိုက်နော် "

နောက်ဆုံးတွင် ယီချန်းကိုနှစ်သိမ့်ပေးလိုက်ပြီး ဟော်ရှောင်းရှောင်းသက်ပြင်းချကာ မျက်နှာကျက်ကို ကြည့်လိုက်သည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now