Chapter 56: သူမ ကစားချင်တယ် (၄)

5.8K 959 38
                                    

Chapter 56: သူမ ကစားချင်တယ် (၄)

“ ဒါက… ဟော်မိသားစုလား ”

“ ငါ ထင်တာပဲ...မနေ့က ဒီနေရာကို သန့်ရှင်းရေး လုပ်ဖို့ တစ်ယောက်ယောက် လာသွားတယ်လို့ကြားတယ်...သူတို့ အပန်းဖြေခရီးထွက်လာမယ့်ပုံပဲ ”

“ ဟမ်၊ ဒါကြောင့် လူချမ်းသာတွေက ဒီလိုမျိုး အပန်းဖြေခရီးထွက်ကြတယ် ငါတို့နဲ့ မတူဘူး ”

“ …ပါးစပ်ပိတ်ထားစမ်း၊ မင်း ”

တောင်အောက်ခြေတွင် အပန်းဖြေခရီးသုံး ကားကြီးက တကယ် ရှိနေသည်။ ဟော်ရှောင်းရှောင်းနှင့် သူမမိသားစုသည် ကားထဲတွင် ထိုင်နေကြသည်။

သူ့မြေးမလေးအား ပိုပျော်ရွှင်စေရန် ဟော်သခင်ကြီးသည် ဟော်ဆွေ့ချန်းအား ဗီလာနှင့် အနီးအနားပတ်ဝန်းကျင်ကို သန့်ရှင်းရေး လုပ်ရန် တိုက်တွန်းခဲ့သည်။ နောက်တစ်နေ့တွင် သူမလေးကို အပျော်ခရီး ခေါ်သွားခဲ့သည်။

“ ရှောင်းရှောင်း၊ ဘိုးဘိုးတို့ ဒီိကို ရောက်ပြီ...ကြည့်လိုက်၊ မင်း မြင်ကွင်းကို သဘောကျရဲ့လား ”

တစ်နာရီလောက် ခရီးသွားပြီးနောက် ဟော်ရှောင်းရှောင်းသည် အိပ်ချင်မူးတူးနေပြီး မျက်စိပင် မဖွင့်နိုင်ပေ။ သူမက အရိုးမရှိသကဲ့သို့ သူမအဘိုး၏ပခုံးပေါ်တွင် လဲလျောင်းနေသည်။ ဟော်သခင်ကြီး ပြောသည်ကို ကြားချိန်တွင် သူမက သူမမျက်လုံးများကို ဖွင့်လိုက်သည်။

ချက်ချင်းပင် သူမ၏မြင်ကွင်းကို စိမ်းလန်းစိုပြေသည့် အစိမ်းရောင်များဖြင့် ပြည့်သွားလေတော့သည်။ ငန်ပြီး စိုစွတ်သည့် ပင်လယ်လေပြည်သည် လတ်ဆတ်သည့် ရေရနံ့ကို သယ်ဆောင်ကာ ပြတင်းပေါက်များမှတဆင့် တိုက်ခတ်နေခဲ့သည်။

ဒီလိုရှုခင်းကောင်း၊ ဒီလိုလေကောင်းလေသန့်... ဟော်ရှောင်းရှောင်း အံ့သြသွားပြီး သူမ၏ပင်ပန်းနွမ်းနယ်မှုလည်း ပျောက်ကွယ်သွားခဲ့သည်။

ဗီလာသည် လှိုင်းလေထန်သည့် ပင်လယ်၏ဆန့်ကျင်ဘက်ရှိ ကျောက်ထရံပေါ်တွင် တည်ဆောက်ထားသည်ဟု ဆိုနိုင်သည်။ ဗီလာရှေ့ရှိ ဝင်းရိုးသည် မြင့်သောကြောင့် အပြင်ဘက်မြင်ကွင်းများကို ပိတ်ဆို့ထားလေသည်။ ဒုတိယထပ်မှသာ အပြာရောင်ရေများကို တွေ့နိုင်လေသည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now