Chapter 22: သူမ ဘောင်းဘီကို ဘယ်သူလဲလိုက်တာလဲ (၃)

6.5K 944 16
                                    

Chapter 22: သူမ ဘောင်းဘီကို ဘယ်သူလဲလိုက်တာလဲ (၃)

——

ဒီနတ်ဆိုးမလေးကတော့ ဝက်လိုအိပ်နေခဲ့သည်ပင်။

နောက်နေ့မနက်တွင် ဟော်ရှောင်းရှောင်း သူမ၏မျက်လုံးများအား မင်သေသေနှင့် ဖွင့်လိုက်သည်။ သူမ၏ကိုယ်က နိုးနေသော်လည်း သူမ၏စိတ်က ဝိုးတိုးဝါးတား ဖြစ်နေသေးသည်။ ထို့ကြောင့် သူမလည်း သူမ၏မျက်လုံးများအားပိတ်ကာ ထပ်အိပ်ရန် လုပ်လိုက်တော့သည်။

လှည့်လိုက်သည့်အချိန်တွင် သူမ၏စိတ်ထဲသို့ မှတ်ဥာဏ်တစ်ပိုင်းတစ်စ ရောက်လာခဲ့သည်။

ချက်ချင်းပဲ သူမ၏မျက်လုံးများအား တွန်းဖွင့်လိုက်တော့သည်။

ကုတင်ပေါ်ကို တက်ခဲ့ခြင်းတာ၊ ကုတင်ကို စိုစွတ်စေခဲ့ခြင်းများ။

မနေ့ညက ဖြစ်ပျက်ခဲ့သည့်မြင်ကွင်းများသည်သူမစိတ်ထဲတွင် ပြန်ပြနေပုံရသည်။ သူမသည် လှုပ်လှုပ်ရွရွဖြစ်လာကာ အိပ်မပျော်တော့ပေ။ သူမ၏မှတ်ဥာဏ်ရှိ အိပ်ရာခင်းအား ထိသော်လည်း စိုစွတ်သည့်နေရာအား သူမ ရှာမတွေ့ပေ။

ခြောက်သွားတာလား???

သေချာတာပေါ့၊ ဟော်ရှောင်းရှောင်းက သူမ၏တင်ပါးလေးကို ကုတင်ထိပ်မှ အဆုံးအထိရွှေ့လိုက်သည်။ စိုနေသည့် နေရာမရှိကြောင်း သေချာစေရန် အိပ်ယာခင်း၏လက်မတိုင်းကိုဂရုတစိုက် သေချာအောင် လုပ်ခဲ့ပြီး နောက်ဆုံးမှာတော့ စိတ်သက်သာရာရသွားတော့သည်။

ရှောင်ရှားနိုင်ပြီ!

မနေ့ညက သူမ အိပ်ယာထဲ သေးပေါက်ချမိတဲ့အကြောင်း ဘယ်သူမှမသိခဲ့ဘူး။

သေချာတယ်၊ ဝါဂွမ်းက စုပ်ယူမှုအားအကောင်းဆုံးပဲ!

ဟုတ်တယ်၊ ငါက တကယ် ပါးနပ်တဲ့ ကောင်မလေးတစ်ယောက်ပဲ!

ထိုအချိန်တွင် တံခါးက ရုတ်တရက် ပွင့်သွားလေသည်။

ငယ်ငယ်ကတည်းက သူမကို ဂရုစိုက်ပေးသည့် အန်တီကျိုးက အပြင်မှ ဝင်လာပြီး ဟော်ရှောင်းရှောင်း နိုးနေသည်ကို တွေ့ပြီး ပြုံးလိုက်သည်။ “ သမီး ဒီနေ့ ဘယ်လိုဖြစ်လို့ စောစောနိုးလာတာလဲ ”

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now