Chapter 132: မီးရှူးမီးပန်း မတော်တဆမှု (၂)

4K 698 7
                                    


Chapter 132: မီးရှူးမီးပန်း မတော်တဆမှု (၂)

" ဖေဖေ အလုပ်လုပ်နေတာလား "

" အင်း "

သူ အလုပ်လုပ်နေတာကြောင့် ဟော်ရှောင်းရှောင်း သူ့ကို မနှောင့်ယှက်တော့ဘဲ သူ့ကိုသာ မှီရင်း သူမရဲ့ဗိုက်ကို ပွတ်သပ်နေခဲ့သည်။

သူမဗိုက်လေး၏ ညာဘက်ကို သုံးကြိမ်၊ ဘယ်ဘက်ကို သုံးကြိမ် ပွတ်သပ်ခဲ့သော်လည်း မသက်မသာဖြစ်နေတုန်းပင်။

သူမအဖေရဲ့အားနေသည့် ညာဘက်လက်ကို ကြည့်ပြီး ဆွဲယူကာ သူမဗိုက်ပေါ် တင်လိုက်၏။ " ဖေဖေ၊ သမီးဗိုက်ကို ပွတ်ပေးပါ "

အလုပ်လုပ်နေသည့် ဟော်ဆွေ့ချန်းက ခဏလောက် ခွင့်လွှတ်လိုက်ပြီး သူ့လက်ကို ပြန်မယူခင် နှစ်ကြိမ်လောက် သူမရဲ့ဗိုက်ကို ပွတ်ပေးလိုက်သည်။

" ဖေဖေ၊ ပွတ်ပေးဦး " ဟော်ရှောင်းရှောင်းက သူ့လက်ကို ထပ်ယူလိုက်ပြီး သူမဗိုက်ပေါ် ထပ်တင်လိုက်ပြန်သည်။

ဟော်ဆွေ့ချန်းလည်း သူမကို ကြည့်ပြီး ပြောလိုက်၏။ " မင်းလက်က ဘယ်မှာလဲ "

ဟော်ရှောင်းရှောင်းက သူမလက်လေးကို ဆန့်ထုတ်လိုက်ပြီး သူမ၏လက်ဖဝါးကို သူ့လက်ဖဝါးနှင့် ယှဥ်ပြလိုက်သည်။

" ဖေဖေ့လက်တွေက အရမ်းကြီးပြီး သက်တောင့်သက်သာရှိတယ်၊ သမီးလက်တွေက သေးပြီး ပွတ်ရတာ အဆင်မပြေဘူးလေ "
.
သူမအဖေရဲ့လက်တွေက အတော်လေးကြည့်ကောင်းပြီး ရှည်လျားကာ လက်ဆစ်လေးတွေက အတော်လှသည့်အပြင် သူ့လက်ချောင်းများတွင် မည်သည့်အရစ်မှမရှိပေ။ အရမ်းတိုလွန်းနေပြီး ကိုယ့်လည်ပင်းကိုယ်တောင် မဖုံးကွယ်နိုင်သည့် သူမ၏လက်ချောင်းများလို မဟုတ်ဘဲ သူ့လက်ဖမိုးရှိ သွေးပြန်ကြောများတောင် မြင်ရလုနီးနီး ဖြစ်လေသည်။ ထို့ပြင် သူမ၏လက်ဖမိုးသည် အသားများနှင့် ပြည့်နှက်နေပြီး သူမအဖေ၏လက်ဖဝါးများလောက် မကြီးမားပေ။

ဟော်ဆွေ့ချန်းသည် သူမဗိုက်ကို ပွတ်ပေးရင်း ရုတ်တရက် ကျီစယ်လိုသည့်သဘောဖြင့် ပြုံးလိုက်သည်။ " Peppa Pig ကာတွန်းထဲက Peppa ကို မင်းလေး မှတ်မိလား "

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now