Chapter 14: မသေခင်လေး (၂)

6.6K 923 2
                                    

Chapter 14: မသေခင်လေး (၂)

“ အခြေအနေ ဘယ်လိုရှိလဲ”

သခင်ကြီးဟော်က သူ့ခေါင်းကို အပြင်းအထန်ခါနေပြီး သက်ပြင်းချနေလေသည်။

ဟော်ဆွေ့ချန်းက အရေး‌ပေါ်ကြပ်မတ်ကုသဆောင်ရဲ့မှန်ကနေတစ်ဆင့် အထဲကို ကြည့်နေခဲ့သည်။ ဆရာဝန်များနှင့် သူနာပြုများက ဆေးရုံကုတင်နားမှာ စုရုံးနေကြပြီး ECGမော်နီတာကတော့ အလုပ်ကြိုးစားနေကာ လူနာဆောင်အတွင်းနှင့် အပြင်တစ်ခုလုံးမှာတော့ စိတ်လေးဖွယ်ရာလေထုက အုပ်ဆိုင်းနေသည်။

ဟော်ဆွေ့ချန်းက အပြင်မှာ ရပ်နေရင်း သူ့လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထား‌မိလေသည်။

ထို့နောက် သူပြောလိုက်သည်မှာ “ ကလေးတွေက အန္တရာယ်တွေနဲ့ အနာရောဂါတွေ​အမြဲဖြစ်နေတာပဲ…  ကျော်လွှားနိုင်တာကလည်း သူ့ဘဝပဲ မကျော်လွှားနိုင်တာကလည်း သူ့ဘဝပဲ "

သခင်ကြီးဟော်လည်း သူ့မျက်လုံးတွေကို ပိတ်ထားလိုက်တော့သည်။

နံရံပေါ်က နာရီက နောက်ထပ်စက်ဝိုင်းဝက်ကိုတောင် ရောက်နေပြီဖြစ်ကာ ပွက်လောရိုက်ပြီးတဲ့နောက်မှာတော့ လူနာဆောင်ထဲက ဆရာဝန်များက ငြိမ်သက်သွားကြပြီဖြစ်သည်။

ECGပေါ်က မျဥ်းကြောင်းက ပြေပြစ်စွာဖြောင့်တန်းနေသည်ကို ဟော်ဆွေ့ချန်း တွေ့လိုက်ရသည်။ ဆူညံနေတဲ့လူအုပ်ကြီးထဲတွင် သူကတော့ ငိုလည်း မငို အသံလည်း မထွက်ဘဲ တိတ်တဆိတ်လဲလျောင်းနေသည့် ကလေးလေးကိုသာ မြင်ရလေသည်။

အရမ်းသေးငယ်ပြီး နုငယ်တဲ့ အဖျားတစ်ခုက ကလေးမလေးကို သေစေနိုင်တယ်တဲ့. . .

ဆရာဝန်က အရေး‌ပေါ်ကြပ်မတ်ကုသဆောင်တံခါးကို တွန်းဖွင့်လိုက်ပြီး စိတ်မကောင်းဖြစ်စွာနဲ့ ပြောလိုက်သည်, “ သခင်ကြီးဟော် ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော်တို့ အကောင်းဆုံးကြိုးစားပြီးသွားပါပြီ ”

ဟော်ဆွေ့ချန်းကတော့ တိတ်ဆိတ်နေသေးသည်။ သူ ဒါကို ကြားရသည့်အချိန်တွင် ဘာမှ မခံစားရပေ။ သူ ဝမ်းလည်း မနည်းပေ။ တောင်းပန်ပါတယ်ဆိုတဲ့စကားကို သူ ကြားလိုက်တဲ့အချိန်မှာပဲ သူ့နှလုံးသားက ခဏလောက် ရပ်တန့်သွားခဲ့သည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now