Chapter 63: တောင်းပန်မှု တစ်ခု(၁)

5.4K 863 23
                                    

Sorry ပါ။ ဒီနေ့ ၅ ပိုင်းလုံး စာလုံးပေါင်း error နည်းနည်းပါနေပါတယ်။ အထူးသဖြင့် (့) နေရာလေးတွေမှာပါ။ We're so sorry!!Unicode တွေကိုတော့ ပြင်နိုင်သလောက် လိုက်ပြင်ပေးနေပါတယ်။Zawgyi သမားတွေ နည်းနည်းလေးသည်းခံပေးကြပါနော်။

Chapter 63: တောင်းပန်မှု တစ်ခု(၁)

ဟော်ရှောင်းရှောင်း စိတ်ဆိုးသွားတော့သည်။

' လူကြီးတွေများ ဘယ်လိုဖြစ်လို့ မျက်တောင်တစ်ချက်တောင်မခတ်ဘဲ ဟန်ဆောင်နိုင်ရတာလဲဟင် '

သူမသည် နောက်ဆုံးတော့ သတ္တိအားလုံးကို အသုံးချ၍ သူမ၏ဖခင်က သူမကိုနှစ်သက်လာဖို့ ဦးနှောက်လေးအား အသည်းအသန်အလုပ်ပေး စဥ်းစားခဲ့သော်လည်း အဆုံးသတ်၌ ဘာမှမပြောင်းလဲပေ။ မေ့လိုက်တော့! ဖေဖေက သူဒီပုံကို သဘောကျတယ်ဆိုတာ ဝန်ခံချင်တာမဟုတ်ဘူး!!

သို့သော် သူမ၏ဖခင်သည် အဘယ်ကြောင့်များ ဤကဲ့သို ဖြစ်နေရသနည်း။

သူ့သမီးလေးကို သူ့ရဲ့ချစ်ခြင်းမေတ္တာလေး နည်းနည်းတောင် မပြနိုင်ဘူးလား??

တကယ့်ကို စိတ်ညစ်စရာပဲ!

ဒီနေ့ ဘုရင်တစ်ပါးကြွမြန်းလာခဲ့မယ်ဆိုရင်တောင် သူမအဖေပုံအစား သူမဘိုးဘိုးပုံကို သူမ ဆွဲမည်မဟုတ်ပေ။

" ဖေဖေ့ ပုံကို ဆွဲထားတာ!" ဟော်ရှောင်းရှောင်းသည် ထိုပုံအားညွှန်ပြလိုက်ပြီး တိကျမှန်ကန်သော စကားလုံးဖြင့် " ဒီနေ့. . . ပင်လယ်ကမ်းခြေမှာ. . . ဖေဖေ. . . သမီး. . . သမီး. . . ဖေဖေ့ကို တောင်းပန်ပါတယ် အဲ့ဒါကြောင့် ရှောင်းရှောင်းက ဖေဖေ့ပုံကို. . . ဆွဲပေးထားတယ်. . . "

အဆိုပါရှင်းပြချက်လေးသည် ရှုပ်ထွေးနေခဲ့သော်လည်း သူမ၏ယုတ္တိဗေဒကိုတော့ ရှင်းရှင်းလင်းလင်း ဖြစ်ခဲ့သည်။

သူမသည် ကမ်းခြေတွင် တစ်ခုခုမှားယွင်းတာကို လုပ်မိခဲ့သောကြောင့် တောင်းပန်စကား ပြောနေခြင်းဟူ၍ပင်။

ဟော်ဆွေ့ချန်းသည် ပန်းချီကားကိုကြည့်ကာ မျက်ခုံးများအား တွန့်ချိုးထားလိုက်၏။ ဟော်ရှောင်းရှောင်း၏ မျှော်လင့်ချက်များ ပြည့်နေသော မျက်လုံးလေးများအောက်တွင် သူပြောလိုက်သည်။ " ဒီနေ့ နေ့လည်က သမီးတောင်းပန်တဲ့အချိန်ကတည်းက အဖေက ခွင့်လွှတ်ပေးထားတာပဲလေ "

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now