Chapter 79: အငြင်းပွားကြခြင်း (၂)

4.8K 778 10
                                    

Chapter 79: အငြင်းပွားကြခြင်း (၂)

ဟော်ရှောင်းရှောင်း သူမကိုယ် သူမပင် ပါးရိုက်ချင်လာတော့သည်။

မိုက်တယ်?? ဘာကို မိုက်နေတာလဲ!

ဒါကြီးက ယုတ္တိမတန်ဘူးနော်!

ဟော်ဆွေ့ချန်းသည် မည်သို့သောလူစားမျိုးနည်း။ အကြွေစေ့တစ်စေ့ကို ခေါင်းချည်းပဲရအောင် မည်သို့ပစ်နိုင်သနည်း။

ဒါက အနိုင်ကျင့်နေတာ မဟုတ်ဘူးလား!!

ဟော်ဆွေ့ချန်းသည် ထိုအကြွေစေ့ကို  ဟော်ရှောင်းရှောင်း၏လက်ထဲသို့ ထည့်ပေးလိုက်သည်။ " ပစ်ကြည့် "

“ …”

ဟော်ရှောင်းရှောင်း အလွန်အမင်း စိတ်ဆိုးနေလေသည်။

အစတည်းက ဘာလို့အကြွေစေ့ပစ်နေသေးလဲ??

ရလဒ်ကို သူမကရော ပြောင်းနိုင်မှာလား??

သူမကို မူကြိုတက်စေချင်နေရင်လည်း တစ်ခါတည်း ပြောလိုက်တော့လေ. . .  ဘာလို့ အကြွေစေ့ပစ်ပြနေရသေးလဲ??

သူက အရွယ်ရောက်ပြီးသား လူကြီးဖြစ်နေပြီဆိုတော့ သူကြိုက်သည့်အတိုင်း ကလေးတွေကို အနိုင်ကျင့်နိုင်နေပြီတဲ့လား??

တစ်ကယ်ကြီးကို အရှက်မရှိဘူး!!

ဟော်ရှောင်းရှောင်း အကြွေစေ့ကို လေထဲသို့ လှမ်းပစ်လိုက်သည်။ စားပွဲပေါ်သို့ သာယာသောအသံဖြင့် မကျမီ ၎င်းသည် လေထဲတွင် အကြိမ်ပေါင်းများစွာ ပတ်ပတ်လည်နေခဲ့သည်။ ပွတ်တိုက်မှုအားကြောင့်လည်း စားပွဲပေါ်ရောက်သည့်အခါ ဆက်လက်လည်နေသေးသည်။

လည်ပတ်မှုအရှိန်သည် နှေးလာပြီးအကြွေစေ့၏ နှစ်ဖက်စလုံးမှပုံစံကို ရှင်းရှင်းလင်းလင်း တွေ့မြင်လာရသည်။

ယခုအချိန်တွင်တော့ ဟော်ရှောင်းရှောင်းသည် စားပွဲပေါ်တွင် လဲလျောင်းနေပြီး သူမမျက်လုံးများသည် အကြွေစေ့ကိုသာ ကြည့်နေတော့သည်။ သူမ မျက်တောင်တစ်ချက်တောင် မခတ်ဝံ့ပေ။

ဒီတစ်ကြိမ်က ခေါင်းနဲ့ပန်းမကွဲရင်ကော ?? ငါလေးက တစ်ကယ်ပဲ  မူကြိုကိုသွားရတော့မှာလား??

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now