Chapter 122: အဖေတွေအားလုံး အတူတူပဲလား (၄)

Start from the beginning
                                    

" ... "

သူမရဲ့အဖေက ဒီလောက်လွယ်လွယ် သဘောတူမှာ မဟုတ်ဘူးဆိုတာ သူမ သိနေတယ်လေ!

" ရှောင်းရှောင်း လာ. . . သမီးနဲ့ ယီချန်း ဒီနားမှာရပ်နေ၊ အန်တီကျိုးက သမီးတို့ကို ဓာတ်ပုံရိုက်ပေးမယ် "

" ဟုတ်ကဲ့ " ဟော်ရှောင်းရှောင်းက သူမလက်မောင်းများကို ယီချန်း၏ပုခုံးများပေါ် တင်ထားလိုက်သည်။ သူမသည် ရင်းနှီးသော ဓာတ်ပုံတစ်ပုံအတွက် ပို့စ်ပေးနေချိန်မှာ မျက်နှာလေး နှစ်ခုကို အတူတူကပ်ထားလိုက်၏။

" ဖေဖေ၊ ဖေဖေ့ကိုလည်း ဓာတ်ပုံရိုက်ပေးမယ် "

" သမီးက ဓာတ်ပုံရိုက်တတ်လို့လား "

" ဒါပေါ့၊ သမီး ရိုက်တတ်ပါတယ်. . . ဒီခလုတ်လေးကို နှိပ်လိုက်ရုံပဲလေ "

သူမ၏လုပ်နိုင်စွမ်းကို သက်သေပြဖို့ အန်တီကျိုးလက်ထဲမှ ကင်မရာကို ဟော်ရှောင်းရှောင်း ယူကာ ရှေ့သို့ သုံး၊ လေးမီတာလောက် ပြေးသွားခဲ့သည်။ သူမက အရပ်ပုနေတာကြောင့် ဓာတ်ပုံရိုက်ဖို့ ကင်မရာကို မြှောက်လိုက်သည့်အချိန်တွင် ဤသည်မှာ မော့ကြည့်နေသည့် ရှုထောင့်မှ ဖြစ်လို့နေသည်။ ဟော်ဆွေ့ချန်း၏ခြေထောက်များသည် နဂိုကတည်းက ရှည်၏။ ဟော်ရှောင်းရှောင်း မှန်ဘီလူးမှ မော့ကြည့်လိုက်ချိန်တွင် သူမ မြင်ကွင်းတစ်ခုလုံး သူ့ခြေထောက်များနှင့်သာ ဖုံးလုနီးပါးဖြစ်သွားခဲ့သည်။

" ဖေဖေ. . . ပြုံးလေ "

ဟော်ဆွေ့ချန်း ကင်မရာကို ကြည့်လိုက်ပြီး သူ့မျက်ခုံးများကို ဆန့်တန်းလိုက်၏။

ဟော်ရှောင်းရှောင်းသည် မှန်ဘီလူးမှတစ်ဆင့် ဟော်ဆွေ့ချန်းကို ကြည့်ပြီး သူ့ကို ထောက်ပြလိုက်သည်။ " ဖေဖေ. . . ပါးစပ်၊ ပါးစပ်က ပြုံးရမယ်လေ "

ဟော်ဆွေ့ချန်း သူ့ပါးစပ်ကို တွန့်လိုက်ရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိချေ။

ဟော်ရှောင်းရှောင်း ကင်မရာကို ချပြီး ပြောလိုက်၏။ " ဖေဖေ၊ ဖေဖေ ဒီလိုပြုံးရမှာ " သူမက သူမပါးစပ်ကို ဖွင့်ပြလိုက်ပြီး ကျဲနေသော ကလေးသွားလေးနှစ်တန်းကို ထုတ်ပြကာ သူမကိုယ်တိုင် ညွှန်ပြပေးနေတော့သည်။ " သမီးလိုမျိုး ရယ်ကြည့်! ဖေဖေ့သွားတွေကို ထုတ်ပြ "

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now