၆၆/၂။ ကိုယ့်သေတွင်း ကိုယ်တူး

Start from the beginning
                                    

"သ..သ..သမီးက သမားတော်စုန့်ပေးတဲ့အကြံအတိုင်း အချင်းရဲ့ အနံ့ပျောက်အောင် လုပ်ခဲ့ရုံပဲ၊ ဘယ်လိုလုပ် တခြားနေရာတွေမှာ သုံးသေးမှန်း သိမှာလဲ" လီချန်းလဲ့၏ ချစ်စဖွယ် မျက်ဝန်းများထဲတွင် ထိတ်လန့်​ချောက်ချားရိပ်တို့ ထင်နေသည်။

"တာ့ကျဲ... အရင်တစ်ခေါက်ကလေ၊ တာ့ကျဲ ဆေးစာတွေ ဖတ်လို့ ဆေးပညာအကြောင်း နှံ့စပ်တယ်လို့ မပြောခဲ့ဘူးလား၊ ထုက အနံ့ပျောက်တဲ့ ဆေးပင်မဟုတ်ဘဲ တခြားသူတွေကို အန္တရာယ်ဖြစ်စေတတ်တာကို ဘာလို့ မသိတာလဲ" လီမင်တျဲ၏ အေးစက်စက်အသံက ခန်းမအတွင်း ပျံ့လွင့်လာသည်။

လီမင်ဖုန်း မျက်မှောင်ကြုတ်လိုက်၏။ "စန်းတိ... ဆေးပင်တွေက ရာထောင်ချီရှိတာ၊ မင်းတာ့ကျဲက အကုန်လုံးကို မသိနိုင်ဘူးလေ၊ မှန်လား မှားလားသိရဖို့ သမားတော်စုန့်ကို ဒီကို ဖိတ်လိုက်ရုံပဲ"

သမားတော်စုန့်သည် လီမိသားစုအတွင်းရှိ အာဂန္တုကရောဂါများကို ကုသပေးနခဲ့သည်မှာ နှစ်ပေါင်းသုံးဆယ်တောင်တိုင်ခဲ့ပြီ။ မည်သူမျှ သူ့စကားကို သံသယဖြစ်ရဲမည် မဟုတ်။

သမားတော်စုန့်ကို ရှာရန် လီရှောင်းရန် ချက်ချင်း အမိန့်ပေးလိုက်သည်။ သို့ရာတွင် ပြန်ရသည့်သတင်းမှာ သမားတော်စုန့်၏ ကျန်းမာရေးမှာ သိပ်မကောင်းလှသဖြင့် ဇာတိမြို့လေးသို့ပြန်သွားပြီဟူ၍ပင်။

စစ်ယိညန်ကတော့ အစမှအဆုံးတိုင် အေးစက်စက်သာကြည့်နေပြီး မည်သို့မျှမပြောချေ။ သမားတော်စုန့် လီမိသားစုထံ လာရောက်ကုသတိုင်း ငွေပေးရသည်။ ဒီတစ်ကြိမ်မှာတော့ စန်းရှောင့်ကျဲက သူ့ကို ရွှေတုံးနှစ်ထောင်ကို ရက်ရက်ရောရော ပေးလိုက်သည်။ ယင်းရွှေတို့က သူ့ဘဝတစ်လျှောက်လုံးစာ ဖူလုံလောက်ငှသည်။ အနှီလူအို​ြကီးကား နေမကောင်းဖြစ်သည်ဟုဆိုကာ သိုသိုသိပ်သိပ်ဖြင့် ဘေးဖယ်သွားလေသည်။

သည်တစ်ကြိမ်တွင်တော့ စန်းရှောင့်ကျဲက တကယ့်ကို ရက်စက်ပြတ်သားလှသည်။

လီမင်တျဲ၏ မျက်ဝန်းနက်တို့က တလက်လက် တောက်ပလာသည်။ "တာ့ပေါ်ဖူ(ပထမဦးရီး)... တခြားတိုက်ဖူ(သမားတော်)တွေလည်း လုပ်နိုင်တယ်လေ"

အဆိပ်/လီဝေယန်းWhere stories live. Discover now