၆၆/၂။ ကိုယ့်သေတွင်း ကိုယ်တူး

Start from the beginning
                                    

လီချန်းလဲ့က ကပျာကယာပြောလိုက်သည်။ "ဒီအချင်းက ဝူမေး နွီအာကို ပေးထားတာ"

လီချန်ရှီး တစ်ခုခုမှားနေသည်ကို သိလိုက်ကာ ချက်ချင်း ပြန်တုံ့ပြန်တော့သည်။
"တာ့ကျဲ... ညီမ အဲ့တာကို အချင်းထဲ မထည့်ထားဘူး"

လီချန်းလဲ့ သူမကို ရန်လိုသော အကြည့်တစ်ချက်ပို့လိုက်သည်။ လီချန်ရှီး တကယ်တော့ အချင်းထဲ ထိုထဲ မထည့်ထားခဲ့။ သို့ပေသိ အချင်း၏ အနံ့ကို သူမ မခံနိုင်သောကြောင့် သူမ သမားတော်စုန့်ကို တိတ်တဆိတ် သွားရှာခဲ့သည်။ အနံ့ပျောက်စေရန် ဆေးပင်အချို့ ထည့်ပေးရန်သာလိုသည်ဟု သူပြောခဲ့သည်။ ထို့ကြောင့် သူမထည့်ခဲ့ခြင်းပင်။ "အဲ့တာ သမားတော်စုန့်က အကြံပေးလို့ အနံ့ဆိုးတွေပျောက်အောင်ကျွန်မ ထည့်ထားတာ"

"အဖေ... ထုက ဆေးပင်မဟုတ်ဘူး၊ အန္တရာယ်ရှိ၊ အဆိပ်ရှိတဲ့ မြက်တစ်မျိုးပဲ၊ သမီး ဖိန်ချန်းမှာနေတုန်းက ကြားဖူးခဲ့တဲ့ ဆိုရိုးစကားတစ်ခွန်းရှိတယ်၊ ဆယ်နှစ်မိုးခေါင် ကိုးနှစ်ရေကြီးတဲ့၊ စပါးကျီနားမှာ ထုတွေသာပေါက်လာခဲ့ရင် တစ်မိသားစုလုံး ​မြေကြီးပဲ စားရတော့မှာ၊အဖေ ကြည့်ကြည့်၊ ဒါက သေစေနိုင်လောက်တဲ့ အဆိပ်မဟုတ်ဘူးလား" လီဝေယန်းကရုတ်တရက် ပြောလိုက်သည်။

လီရှောင်းရန် သူ့နားသူတောင် မယုံနိုင်ဖြစ်သွားရသည်။ "ဒီလို အဆိပ်ရှိတဲ့ မြက်ရဲ့ ဖျက်ဆီးနိုင်စွမ်းက ရေကြီး မိုးခေါင်တာထက်တောင် ပိုကြောက်ဖို့ကောင်းတယ်လား"

လီဝေယန်း ခေါင်းညိတ်လိုက်၏။ "တကယ်တော့ အဲ့ထက် ပိုကြောက်ဖို့ ကောင်းသေးတယ်၊ အဲ့ဒါ​ကြောင့် သာမန်အရပ်သားတွေက ဒီဟာတွေကို စက်ဆုပ်ရွံရှာကြတယ်၊ အဲ့တာအပြင် အဲ့အရွက်က အနံအသက်တွေပျောက်အောင် မလုပ်ပေးနိုင်ဘူးလေ၊ တာ့ကျဲ တစ်ခုခုမှားသိနေတာများလား"

တစ်ခုခု မှားနေပြီဆိုသည်ကို တာ့ဖူးရန် ရုတ်ခြည်း သဘောပေါက်လိုက်သည်။ သူမ မျက်နှာ တည်တင်းလာသည်။ "ဝေယန်း... စကားကို လက်လွတ်စပယ် မပြောနဲ့"

"တိတ်စမ်း!" လီရှောင်းရန်က သူမကို ဆူငေါက်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်၏။ "ချန်းလဲ့... ဒါကို ဘာလို့ အိမ်တော်ထဲ ယူလာတာလဲ"

အဆိပ်/လီဝေယန်းWhere stories live. Discover now