၅၃။ လှည့်ဖျား ဉာဏ်ဆင်ခဲ့ရုံမျှသာ

Start from the beginning
                                    

လီရှောင်းရန်မှာ ဘက်လိုက်တတ်သည့် ဖခင်တစ်ဦးဖြစ်သည့်တိုင် မိုက်မဲဉာဏ်နည်းသည်တော့ မဟုတ်ချေ။ ယခုအခြေအနေမှာမှ လီဝေယန်းကို ဖမ်းဆီးကာ ဖြေရှင်းနည်း အတင်းအကြပ်မေးမြန်းလိုက်ပါက သူမထံမှ မည်သည့် အကြံဉာဏ်မှ ထွက်မလာနိုင်ပေ။ ထိုမျှမက၊ လောကမှာ အသံလုံသည့် နံရံဟူ၍ မရှိသောကြောင့် ထိုသို့ ပြုလုပ်မိသည်နှင့် ဤအကြံဉာဏ်များအားလုံးမှာ မူလကတည်းက လီချန်းလဲ့၏ ကိုယ်ပိုင်မဟုတ်သည်ကို တစ်လောကလုံးအား ကြေညာသကဲ့သို့ ဖြစ်သွားပေးလိမ့်မည်။ သို့ဆိုလျှင် ဘုရင်မင်းမြတ်အား လိမ်လည်လှည့်ဖျားမှုပင် ဖြစ်သွားတော့ပေမည်။

"တာ့ရှောင်ကျဲကတော့ လောင်ယဲ ဒေါသူပုန်ထနေတာကို မြင်ပြီး သူ့မျက်နှာကိုတောင် ထွက် မပြရဲတော့ဘူး၊ တစ်ချိန်လုံး အခန်းထဲအောင်းနေတော့တယ်... အစားအသောက်တွေတောင်မှ ခန်းဆောင်ထဲကို တိတ်တိတ်လေး ကုတ်ပြီး ပို့ပေးခိုင်တယ်တဲ့၊ အဟင်းဟင်း... အခုတော့ ပြည်သူ အရပ်သားတွေကို ထိခိုက်နစ်နာစေမဲ့ အကြံဆိုးတွေ ထုတ်ပေးတယ်ဆိုပြီး လူတိုင်းက သူ့ကို ဆဲရေးတိုင်းထွာ ကျိန်းမောင်းကျိန်ဆဲနေကြပြီလေ" ပိုင်ကျစ်က အဆုံးသတ်ဇာတ်လမ်းကို ဆက်ပြောနေရင်း ဤအကြံဆိုးများကို မူလက ထုတ်ဖော်ပြောပြခဲ့သူမှာ လီဝေယန်းဖြစ်သည်ကို ပြန်မှတ်မိသွားပြီး အသံတိမ်ဝင် နှုတ်ဆိတ်သွားတော့လေသည်။

လီဝေယန်းကတော့ ပြုံးလေသည်။ "ဒါ အမှန်ပဲ၊ အဲ့ဒါ တကယ်အကြံဆိုးတွေ" 

ထို နည်းလမ်းငါးသွယ်၏ တစ်ဆင့်ချင်းစီတိုင်းတွင် ကွယ်ဝှက်ထားသော ဘေးအန္တရာယ်များ ရှိနေသည်။ ထိုဟာကွက် အန္တရာယ်များကို စီစစ်၍ မစီမံနိုင်ခဲ့လျှင် ရလဒ်မှာ မတွေးဝံ့စရာပင်။ လီချန်းလဲ့သည် ဤဖြေရှင်းနည်းများကို ကောင်းမွန်သည်ဟုသာ ယူဆပြီး အမှတ်ဝင်ယူခဲ့သော်လည်း ဤအားနည်းချက်များကို မည်သို့ ဖြည့်စွက် ညြပင်ဆင်ရမည်ကို သူမ မသိချေ။ မည်သူမဆို၊ အမြင့်သို့ ရောက်လေလေ၊ အကျနာလေလေဖြစ်တတ်၏။ သူမကို ချီးကျူးအမွှန်းတင်ကာ စာဖွဲ့ခဲ့သူများလည်း မိမိတို့ ဖော်ညွှန်းဖွဲ့ဆို ခဲ့သည့် နတ်မိမယ်လေးမှာ ရှေ့နောက်မကြည့်၊ အရှည်ကို မတွေးသော မိုက်မဲ ဉာဏ်နည်းသူဖြစ်သည်ကို သိလာရသောအခါ၊ အပြစ်တင်ဝေဖန်မှုက ပိုများကာ ပြင်းထန်လာတော့သည်။ ရလဒ်ကတော့ နာကျင်ခံပြင်းစရာ ပိုကောင်းသွား၏။

အဆိပ်/လီဝေယန်းWhere stories live. Discover now