၄၂။ မျက်နှာသာရရန်အတွက်နှင့် သူတစ်ပါးကို ရောင်းစားသည်

Start from the beginning
                                    

တာ့ဖူးရန်လည်း အခြေအနေကို ရိပ်စားမိသွားလေသည်။ သူမ နှုတ်ခမ်းတို့က မသိမသာ ခပ်ယောင်ယောင်ပြုံးသွားလေသည်။ "ဖုန်းအာ၊ လုရှင်းက လောင်ဖူးရန်နားမှာ အချိန်အကြာကြီး ခစားပြီးနေလာတာ၊ လုရှင်း ဒါမျိုး မလုပ်ဘူးဆိုတာ အမေယုံတယ်၊ ဒီကိစ္စကို အသေးစိတ် ထပ်စစ်ဆေးသင့်တယ်၊ လုရှင်းအပြင် ဘယ်သူက လက်ဖက်ရည်ခန်းထဲကို ဝင်ထားသေးလဲပေါ့..."

လုရှင်း များစွာ အံ့အားသင့်သွားရလေသည်။ ထို့နောက် သူမ ခေါင်းမော့လာလိုက်သည်။ သို့သော် လီဝေယန်းဘက်သို့ လှည့်မကြည့်ရဲ။ 

'စန်းရှောင့်ကျဲက လွဲရင် လောင်ဖူးရန်၏ လက်ဘက်ရည်ကို ဘယ်သူမှ ထိကိုင်တာ မရှိခဲ့၊ ဒါပေမဲ့ လက်ရှိ အခြေအနေက. . .'

လီဝေယန်း နူးညံ့စွာ ပြုံးလိုက်သည်။ "ထပ်စစ်နေစရာ မလိုပါဘူး အမေ၊ လုရှင်းအပြင် လောင်ဖူးရန်ရဲ့ လက်ဘက်ရည်နဲ့ အဆာပြေပြင်ဆင်တာတွေကို ကိုင်တာ လုပ်ပေးတာ ဝေယန်းကလွဲရင် အခြားမရှိပါဘူး"

အားလုံး၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားကြကာ ချက်ချင်း ငြိမ်သက် တိတ်ဆိတ်သွားကြတော့သည်။

တာ့ဖူးရန်က ပြောလိုက်သည်။ "ဘယ်လို ဖြစ်ရတာလဲ၊ ချန်းလဲ့ ဒါ ဂျင်ဆင်းနီ မဟုတ်ဘဲ ဆုဇီဆိုတာ ဟုတ်ရဲ့လား"

လီချန်းလဲ့က အခိုင်အမာဆိုသည်။ "ဒီလက်ဘက်ရည်ခွက်ထဲမှာရှိနေတာက အဖိုးထိုက်တန်တဲ့ ဂျင်ဆင်းနီမဟုတ်ဘဲ ဆင်တူယိုးမှားဖြစ်တဲ့ ဆုဇီဆိုတာကို သမီး အတည်ပြုနိုင်ပါတယ်"

လီချန်ရှီးက သိချင်စပ်စုဟန်ဖြင့် ဝင်မေးလေသည်။ "ဆုဇီဆိုတာ ဘာကြီးလဲ"

လီမင်ဖုန်းက ခရီးသွားဟန်လွဲ ရှင်းပြလိုက်သည်။ "ဆုဇီဆိုတာ တန်ဖိုးသိပ်မရှိတဲ့ ဆေးမြစ်ပဲ၊ ဂျင်ဆင်းနီနဲ့ ဘယ်ယှဉ်လို့ရမလဲ"

လီချန်ရှီးက ထိတ်လန့်သော အမူအရာပြလိုက်တော့သည်။ "အဲ့ဒါဆို ထပ်ရှင်းနေ ပြောနေစရာ မလိုတော့ဘူးလေ၊ စန်းကျဲကျဲက လောင်ဖူးရန်ရဲ့ ဂျင်ဆင်းနီကို ခိုးပြီး ဆုဇီနဲ့ အစားထိုးလိုက်တာ မဟုတ်လား၊ အိုက်ယား၊ စန်းကျဲကျဲ ဘယ်လိုဖြစ်လို့ ဒီလိုမျိုး လုပ်ရက်ရတာလဲ"

အဆိပ်/လီဝေယန်းWhere stories live. Discover now