၄၅။ ကစားပွဲကို ဦးဆောင်ချုပ်ကိုင်

Начните с самого начала
                                    

လီမင်ဖုန်း နောင်တရလာသည်။ သူ့ရှေ့တွင်ရှိနေသော ညီမက သူ ထင်ထားသလောက် မတုံးအ,ဘူးဆိုတာ ယခုမှ သူ သဘောပေါက်သွားသည်။ သူက ဒီလို လှည့်ကွက်လေးလောက်နှင့် သူမကို မြေချစရာသင်္ချိုင်းမရှိအောင် အသေသတ်နိုင်မည်ဟု ထင်ခဲ့မိသည်။ ယခုတော့ သူ ကိုယ်တိုင်ကိုယ်ကျ ဖိတ်ခေါ်ခဲ့သည့်သူတွေက သူ၏ အကြီးဆုံး ခလုတ်ကန်သင်းများ ဖြစ်နေချေသည်။ ယခု ဒီခန်းမတွင်းတွင် အပြင်လူများလည်း ရှိနေသည်မို့ သူ့ဖခင်က မျက်နှာလိုက်၍ မဖြစ်တော့။ အစက သူ လီဝေယန်းကို အပြစ်ပေးသောအခါ လောင်ဖူးရန်က ကာကွယ်ပေးမည်ကို စိုးရိမ်နေသဖြင့် ထိုသူတို့ကို ခေါ်ထားခဲ့သည်။ ယခုတော့ သည်အရာများက သူ့အတွက် အနှောင့်အယှက်ဖြစ်နေလေပြီ။ လီမင်ဖုန်း တကယ်ကို ဒေါသတကြီးနှင့် အံကိုကြိတ်သည်။

"ဝေယန်း မင်းစကားတွေက ဘာအဓိပ္ပါယ်လဲ၊ ချန်းလဲ့က ဂျင်ဆင်းနီကို ဆုဇီလို့ ထင်ပြီး အမှားတစ်ခုလုပ်မိရုံဘဲ၊ လောင်ဖူးရန်ရဲ့ ကျန်းမာရေး အတွက်မို့ ငါက မတော်တဆ မင်းကို အထင်လွဲမိရုံ၊ အကယ်၍ မင်းစိတ်မကျေနပ်သေးဘူးဆိုရင်လည်း ငါက မင်းအတွက် လက်ဖက်ရည်ငှဲ့ပေးပြီး မင်းရဲ့ခွင့်လွတ်မှုကို တောင်းခံနိုင်တယ်၊ အဖေ့ကို တွန်းအားပေးစရာ မလိုဘူး"

လီဝေယန်း ရယ်မောလိုက်ပြီး ပြောသည်။ "လက်ဖက်ရည်ငှဲ့ပြီး မေးရဲ့ခွင့်လွတ်မှုကို တောင်းခံမယ်တဲ့လား၊ ခုနတုန်းက တာ့ကော ထပ်တလဲလဲပြောနေခဲ့တာ၊ ဝေယန်းအမှားကို သက်သေပြနိုင်ရင် လီအိ်မ်တော်ကနေ မောင်းထုတ်မယ်လို့လေ၊ ဒါပေမယ့် အခုက တာ့ကောမှားတာကို သက်သေပြလိုက်ပြီဆိုတော့ တာ့ကောကို အိမ်တော်ကနေ နှင်ထုတ်သင့်တာမဟုတ်ဘူးလား"

လီရှောင်ရန် ချောင်းဟန့်လိုက်ပြီး "ဝေယန်း မင်း တာ့ကောနဲ့ တာ့ကျဲက လောင်ဖူးရန်အတွက် စိုးရိမ်နေကြလို့ပါ" ဟုပြောလိုက်သည်။

လီဝေယန်း လီရှောင်ရန်ကို ကြည့်လိုက်သည်။ သူမ မျက်နှာပေါ်မှာ အအေးဓာတ်များက ဖုံးကွယ်မရအောင် တဖြည်းဖြည်း ထွက်ပေါ်လာတော့သည်။

"အဖေ ဝေယန်းက ဘယ်သူ့ကိုမှ တွန်းအားပေးဖို့ မရည်ရွယ်ပါဘူး၊ သမီးက လောင်ဖူးရန်ကို စိတ်ရင်းမှန်နဲ့ ခစားနေပေမယ့် သမီးအပေါ်ကို အခြားသူတွေက ဘာလို့ မကောင်းကြံနေကြတာလဲလို့ စိတ်မကောင်းဖြစ်မိရုံပါ၊ မှန်ပါတယ်... ဝေယန်းက တာ့ကျဲနဲ့ တာ့ကောတို့ရဲ့ မြင့်မြတ်တဲ့ ဂုဏ်ပုဒ်တွေကို မယှဉ်သာပါဘူး၊ ဒါပေမယ့် ဝေယန်းက လောင်ဖူးရန်ရယ်၊ အဖေနဲ့အမေရယ်ကို လေးလေးစားစားနဲ့ လုပ်ကျွေးပြုစုတာမို့ အဖေက ဝေယန်းကို အကြောင်းအရင်းမရှိဘဲ နှင်ထုတ်မှာမဟုတ်တာ သမီးသိပါတယ်" စကားတွေက ဒီထိရောက်လာတော့ လီဝေယန်းကြောင့် သူ ပြောစရာစကားများ ပျောက်ရှသွားသည်။

အဆိပ်/လီဝေယန်းМесто, где живут истории. Откройте их для себя