၄၅။ ကစားပွဲကို ဦးဆောင်ချုပ်ကိုင်

Start from the beginning
                                    

လီမင်ဖုန်း၏ မျက်နှာအမူအရာလည်း အဆိုးဘက်သို့ ရောက်သွားတော့သည်။ ဘေးဘက်နားရှိ တာ့ဖူးရန်လည်း မြန်မြန်ထရပ်လိုက်မိပြီးမှ ဖြည်းဖြည်းချင်း ပြန်ထိုင်လိုက်ရသည်။ သူမ၏ သားသမီးနှစ်ယောက်စလုံးကို လီဝေယန်းက ဒုက္ခတွင်းထဲတွန်းပို့လိုက်နိုင်ပြီ ဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်လိုက်ရလေသည်။

လီဝေယန်း ပြုံးလိုက်သည်။ သူမ၏အပြုံးက နွေဦးတွင် ဖူးပွင့်လာသည့် ပန်းကလေးများပမာ ရင်သပ်ရှုမောဖွယ်ရာ ဖြစ်နေသည်။ သူမ၏ ကိုယ်ပေါ်မှ မျှော်လင့်ခြင်းရောင်ခြည်လေးများ ဖြာထွက်နေပုံကလည်း အခြားသူများကို အကြည့်မလွှဲချင်အောင် ဖြစ်စေသည်။

"တာ့ကော ထူးဆန်းနေတယ် မထင်ဘူးလား၊ လောင်ဖူးရန်အတွက် မေးကျိုပေးရတဲ့ လက်ဖက်ရည်... ဇီယန်ကို တိတ်တိတ်လေး လဲခိုင်းလိုက်တာ ကောများလား၊ ဒါပေမယ့် နောက်ဆုံးမှာတော့ အဲ့တာက ဆုဇီတွေ ဟုတ်မနေဘူးလေ၊ ဇီယန်က တကယ်ပဲ မေးရဲ့ အဆောင်မှာ ဂျင်ဆင်းနီတွေနဲ့ ရွှေတွေကို ထားခဲ့တာကို တာ့ကော ကြိုသိနေလို့ ရှာခိုင်းတာများလား၊ ဒါတောင်မှ သူတို့ဘာမှ ရှာမတွေ့နိုင်ခဲ့တာလား"

"လီဝေယန်း... မင်း အခြေအမြစ်မရှိတာတွေ မပြောနဲ့" လီမင်ဖုန်း ဒေါသထွက်လွန်း၍ အနှီစကားတွေကို အော်ပြောလိုက်မိသည်။

"တာ့ကောက ကိုယ့်ကိုကိုယ် ဒီလိုအရှက်မရှိတဲ့ အလုပ်မျိုး လုပ်ခဲ့တာ ဘယ်သူမှ မသိဘူးများ ထင်နေတာလား၊ ဒါပေမယ့် ကောသိလား၊ ဒီလောကကြီးမှာ လျှို့ဝှက်ချက်ဆိုတာ မရှိဘူး" လီဝေယန်း တည်တည်ငြိမ်ငြိမ်နှင့်ပင် ပြောလိုက်သည်။ "လောင်ဖူးရန်နဲ့ အဖေက ဝေယန်းကို တရားမျှတမှု ရှာပေးမယ်လို့ မျှော်လင့်မိပါတယ်၊ အကယ်၍ အဖေက တာ့ကောဘက်မှာ နေမယ်ဆိုရင်လည်း ဝေယန်း ဘာမှမဖြစ်ခဲ့သလို နေပေးပါ့မယ်"

ဘာမှမဖြစ်ခဲ့သလိုနေမည်တဲ့လား။ ယခု စန်းဟွမ်းဇီနှင့် သမားတော်လင်က သည်နေရာတွင် ရှိနေကြသည်။ သူက ဘယ်လိုလုပ်ပြီး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်၍ရတော့မည်နည်း။ လီရှောင်ရန် မျက်ခုံးများ တွန့်ချိုးသွားမိသည်။

အဆိပ်/လီဝေယန်းWhere stories live. Discover now