၄၆။ ဒူးထောက်၍ အပြစ်ကို ချေ

Começar do início
                                    

တတိယမင်းသား ထော့ပါကျန်း၏ မျက်နှာမှာ အရောင်အသွေးစုံစုံ ဝတ်ရုံကြောင့် ပို၍ လှပထူးခြားထင်ရှားနေသည်။ မျက်ခုံးထင်းထင်း၊ မျက်တောင်ရှည်ကော့ကော့တို့က ရှုမြင်သူတို့၏ အကြည့်ကို ဖမ်းစားထားနိုင်စေလောက်သည်။

လီမင်ဖုန်း မင်သက်သွားသည်၊ ထို့နောက်တော့ လက်ဖက်ရည်ဆက်မည့် အစီအစဉ်ကိုလည်း ရပ်လိုက်တော့သည်။

လီဝေယန်းအကြည့်ကလည်း နေရာပြောင်းသွားကာ ထော့ပါကျန်းကိုသာ တိတ်တဆိတ် စိုက်ကြည့်နေတော့သည်။

ထော့ပါကျန်းလည်း သူမကို ကြည့်လိုက်မိသည်။ သူ လီဝေယန်းကို သေသေချာချာ အကဲခတ်လေ့လာကြည့်မိသည်ကတော့ ယခုမှ ပထမဆုံးဖြစ်သည်။

တိတ်ဆိတ်ငြိမ်သက်စွာ အောင့်အည်းစောင့်တတ်သည်။ ခံစားချက်တို့ကို ထိန်းချုပ်နိုင်စွမ်းသည အလွန်တည်ငြိမ်အေးဆေးသည်။ သို့ပေလျက် သူမ ကိုယ်မှ ပေါက်ကွဲထွက်တော့မည့် ဒေါသအလျံတွေကိုလည်း ခံစားမိနေနိုင်သည်။ သူမ သွင်ပြင်က နုနယ်၍ သွယ်ပြောင်းဟန်ရှိသည်။ သို့ပေလျက် ဤလောကမှာ သူမကို လဲပြိုအောင် တိုက်ခိုက်နိုင်သည့် အင်အားမျိုး ရှိသည် မထင်။ ဆန့်ကျင်ဘက်တွေ စုဝေးနေသည်။ သို့ပေလျက် သဟဇာတမျှမျှရှိသည်။ သူမတစ်ဦးတည်းမှာ အသိပညာဉာဏ်တို့ ကြွယ်ဝစုရုံးနေသကဲ့သို့ သဘာဝကျနေသည်။
 
ထော့ပါကျန်း မတွေးမိဘဲ မနေနိုင်။ သူ့ဝန်းကျင်မှာ မိန်းမအမျိုးမျိုး ရှိသည်။ တချို့က ဧကရီမိဖုရားကြီးတစ်ပါးအလား မြင့်မြတ်သည်။ တချို့က မေကွေ့ဖေးလို ကျင့်ဝတ်သိက္ခာနှင့်ပြည့်စုံသူ။ တချို့က ဝူရှန်းဖေးလို ကျက်သရေရှိရှိတင့်တယ်သူ။ တချို့က လီချန်းလဲ့လို လှပချောမောသူ။ သို့သော်. . . လီဝေယန်းလို မိန်းမမျိုးကိုတော့ သူ ယခုမှ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။

ကြွေပန်းသဖွယ် ငွားငွားစွင့်စွင့် ရဲရဲဝံ့ဝံ့ပွင့်လန်းနေသူ။

ခေါင်းမာကြံ့ခိုင်၍ လှပသည်။

စိတ်မကောင်းစရာက သာမန်အရပ်နွယ်ဖြစ်၍ အဆင့်အတန်းနိမ့်ကျလွန်းနေခြင်း။ သူ့ အကြည့်က ပြောင်းလဲသွားပြီး လီချန်းလဲ့ထံမှ ကျေးဇူးတင်အကြည့်တွေကိုသာ လက်ခံယူလိုက်တော့သည်။

အဆိပ်/လီဝေယန်းOnde histórias criam vida. Descubra agora