၃၄။ လက်ထဲက ပုလဲရတနာ

Start from the beginning
                                    

လီချန်းလဲ့ အပြေးအလွှား သူ့နားရောက်သွားကာ သူ့ကိုဆွဲထူရန် အရှေ့နားရောက်လာသည်။ "စန်းတိ...ဘာလုပ်နေတာလဲ၊ အခုထစမ်း..."

လီမင်တျဲ သူမလက်ကို တွန်းထုတ်ကာ ခပ်ကျယ်ကျယ်အော်ပြောလာသည်။ "ဦးရီး အပြစ်ပေးချင်ရင် မင်တျဲကိုပဲပေးပါ၊ ဥဩငှက်ပေါ်လာတယ်လို့ စန်းကျဲကျဲကို ကျွန်တော်ပြောလိုက်လို့ ကျဲကျဲက ဥယျာဉ်ထဲသွားခဲ့တာပါ၊ နောက်တော့ ပြောင်ကောက ဥဩငှက်လေးကို ခြောက်လွှတ်လိုက်တော့ ကျွန်တော်လည်း စိတ်ဆိုးပြီး အော်မိလိုက်တယ်၊ ပြောင်ကော ဒေါသထွက်သွားပြီး ကျွန်တော့်ကို တအားလာတွန်းတယ်" သူ နဖူးနှင့် ကြမ်းပြင်ကို တိုက်ကာ အစတုန်းက ဆံပင်နှင့်ဖုံးထားခဲ့သော နဖူးရှိ သွေးစို့နေသောဒဏ်ရာကို ပေါ်လာအောင်လုပ်လေသည်။ သွေးတို့က လက်ချောင်းကြားထဲ ဖြည်းဖြည်းချင်း ကျဆင်းလာကာ သူ့မျက်နှာချောချောလှလှကို အကျည်းတန်စေသည်။ အားလုံး အံ့အားသင့်လျက် ဂရုဏာသက်စွာ ကြည့်မိကြသည်။

လောင်ဖူးရန်လည်း ထိတ်လန့်အံ့ဩစွာ အော်မိသည်။ "မင်တျဲ... သားနဖူးက ဒဏ်ရာရထားလား"

ပုလဲကဲ့သို့ တောက်ပကြည်လင်နေသော လီမင်တျဲမျက်ဝန်းနက်တို့က လီရှောင်ရန်ကို စိုက်ကြည့်လာသည်။ "ဦးရီး၊ စန်းကျဲကျဲက ကျွန်တော် ဒဏ်ရာရသွားတာကို မြင်ပြီး ပြောင်ကောကို သူခိုးလို့ အထင်မှားမိတာ၊ ဦးရီး ဒီကိစ္စကို စစ်ဆေးချင်တယ်ဆိုရင် တခြားသူတွေကို အပြစ်မတင်ပါနဲ့၊ ကျွန်တော့်ကိုပဲ အပြစ်ပေးပါ" သူ့စကားအဆုံးတွင် ကြမ်းပြင်ကို ခေါင်းနှင့် အသံကျယ်ကျယ်မြည်အောင် တိုက်လိုက်လေသည်။

လီဝေယန်း အတော်လေး ထိတ်လန့်အံ့ဩသွားရသည်။ သူမခေါင်းမာရခြင်းမှာ ဒီကိစ္စတစ်ခုလုံးသည် သူ၏ချစ်လှစွာသောသမီး လီချန်းလဲ့ကြောင့်ဆိုတာ သူမအဖေကို သိစေချင်၍ဖြစ်သည်။ သို့သော်လည်း အခုတော့ သူမအဖေက ဘယ်လိုလူမျိုးလဲဆိုတာ သူမ အသေအချာ နားလည်သွားလေပြီ။ သူမ မယုံကြည်နိုင်တာက ခုလို သူမဒုက္ခရောက်နေချိန်တွင် ဒီကလေးက သူမကို ကူညီရန် ကြိုးစားနေသည်လေ။

ထိုအချိန်တုန်းက အားလုံးက အဝေးမှာရှိနေကြ၍ လီမင်တျဲ ထိုနေရာတွင် ရှိသည်ကို ဘယ်သူမှ သေချာမပြောနိုင်။ သိတတ်လိမ္မာလှသော စန်းဖန်း(တတိယအိမ်တော်ခွဲ)၏  ရှောင့်ယဲ(သခင်လေး)က မျက်မြင်သက်သေဖြစ်နေပြီး အနိုင်ကျင့်ခံရမှတော့ ကောင်းကျင်းစကားကို မည်သူက ယုံပါမည်နည်း။ ပြီးတော့ ဒဏ်ရာကလည်း မင်တျဲနဖူးတွင် ဖြစ်နေသည်။

အဆိပ်/လီဝေယန်းWhere stories live. Discover now