၂၉။ မိုး​ရေထဲက ဖိတ်​စာ

Start from the beginning
                                    

အစေခံတစ်ယောက်က ဝူရှောင့်ကျဲရောက်လာသည်ကို အလျင်အမြန် အကြောင်းကြားလိုက်သည်။

လီချန်ရှီး ချက်ချင်း ဝင်လာလိုက်ကာ ဂါရဝပြုနှုတ်ဆက်လာသည်။ "ချန်ရှီး နေမကောင်းဖြစ်နေလို့ သက်သာလာတော့မှ လောင်ဖူးရန်ကို လာဂါရဝပြုနိုင်တာကို ခွင့်လွှတ်ပေးပါ"

လောင်ဖူးရန် သူမကို တည်တည်ငြိမ်ငြိမ်ပဲ ကြည့်လာသည်။ "အဲ့အတိုင်းရပ်နေ..."

နန်ယွမ်တွင်ဖြစ်ပျက်ခဲ့သော သူမအပြုအမူတို့သည် လောင်ဖူးရန်နားသို့ ရောက်သွားလောက်သည်။ သူမ စိတ်သောကရောက်ကာ ခန္ဓာကိုယ်မှာ တောင့်ခနဲဖြစ်သွားပြီး လှုပ်တောင်မလှုပ်ဝံ့။

လောင်ဖူးရန်၏အမူအရာကို တစ်ချက်ကြည့်လိုက်ပြီး လီဝေယန်း တခစ်ခစ်ရယ်ကာ အရှေ့သို့လျှောက်လာလိုက်ပြီး လီချန်ရှီး ထရန်ကူညီလေသည်။ "ဝူမေးမေး... ဒီလိုအသေးအဖွဲ့ကိစ္စလောက်ကို ခွင့်လွှတ်ဖို့ပြောစရာမလိုပါဘူး၊ လောင်ဖူးရန်က ကြင်နာတတ်တဲ့သူပါ၊ မင်းကို အပြစ်မတင်ပါဘူး"

လီချန်ရှီးအမူအရာမှာ ပြောင်းသွားတော့သည်။ လောင်ဖူးရန်စိတ်ကို လီဝေယန်း အတော်နားလည်နေသည်ကို သူမ ချက်ချင်း သဘောပေါက်သွားသည်။ သူတို့နှစ်ယောက်လုံးက ကိုယ်လုပ်တော်သမီးတွေပဲ။ လီဝေယန်းတောင် လောင်ဖူးရန်ရဲ့ချစ်ခင်မှုကိုရရင် သူမကကော ဘာလို့ မရနိုင်ရမှာလဲ။

"လောင်ဖူးရန်... ချန်ရှီး စိတ်မကောင်းဖြစ်မိပါတယ်" လီချန်ရှီး သူမမျက်လုံးများမှ မျက်ရည်များကျလာရန် မျက်တောင်ခဏခဏခတ်လာသည်။

လီဝေယန်း သဘောတကျပြုံးလိုက်၏။ စကားကြမ်းကြမ်းတမ်းတမ်းတွေလည်းမပြောပဲ ဒေါသမထွက်သလို ဟန်ဆောင်နိုင်ဖို့ကို လီချန်ရှီး သေချာတွေးထားပုံရသည်။

လောင်ဖူးရန် သက်ပြင်းချလိုက်သည်။ "မင်းက သိမ်မွေ့ပြီးနာခံတတ်တဲ့ကလေးဆိုတာ ငါသိတာပေါ့၊ မင်းအတွက် ခက်ခဲခဲ့မှာပဲ"

လောင်ဖူးရန်ဆီက ထိုစကားများကို တစ်ခါကြားလိုက်ရုံနဲ့ လီချန်ရှီး အငိုတိတ်သွားသည်။

လီဝေယန်း ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြန်သည်။ "ဝူမေးမေးလည်း နေကောင်းလာပြီဆိုတော့ တို့ညီအစ်မတွေ တစ်ယောက်နဲ့တစ်ယောက် ခဏခဏ တွေ့လို့ရပြီပေါ့"

အဆိပ်/လီဝေယန်းWhere stories live. Discover now