၂၈။ လူရှုပ်​လူ​ပွေ

Start from the beginning
                                    

"အရူးလေး... အဲ့ဒီ့နေရာက မင်း ဆော့လို့ရတဲ့နေရာမဟုတ်ဘူး"

လီမင်တျဲသည် ခေါင်းမော့လိုက်ပြီး လီဝေယန်းကို စိုက်ကြည့်လိုက်သည်။ နေရောင်ခြည်အောက်တွင် သူမ၏မျက်နှာသည် နွေဦး၏ ကြည်လင်နေသောကောင်းကင်လို ငယ်ရွယ်နုနယ်ပျိုမျစ်ခြင်းကို လှစ်ဟပြနေသည်။ သို့ပေသိ ထိုနက်မှောင်နေသော မျက်ဝန်းများကိုကြည့်၍ သူမပျော်နေလားဝမ်းနည်းနေလားဆိုသည်မှာ ပြောရခက်သည်။ ဖတ်ရခက်သော ရှုပ်ထွေးနက်ရှိုင်းလွန်းသည့် မျက်ဝန်းတစ်စုံဖြစ်လေသည်။ သည်စန်းကျဲက အခြားသူများနှင့် တကယ် မတူဟု လီမင်တျဲ တွေးလိုက်မိသည်။

ဥယျာဉ်၏ အခြားတစ်ဖက်တွင်တော့ လီချန်းလဲ့တစ်ယောက် သစ်ပင်များကို ကြားညှပ်စိုက်ပျိုးထားသော ကျောက်တုံးများကို ဖြတ်သွားနေစဥ် ရုတ်တရက် ဘယ်နေရာမှထွက်လာမှန်းမသိသော ပုံရိပ်တစ်ခုကြောင့် သူမ လန့်ဖြန့်သွားသည်။

" ပြောင်မေး"

ထိုသို့ခေါ်လိုက်ရင်းဖြင့် ပိုးသားဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော လူငယ်လေးတစ်​ေယာက်သည် ကျောက်တုံးများနောက်မှ ထွက်လာပြီး သူမသွားမည့်လမ်းကို ပိတ်ထားလိုက်သည်။

လီချန်းလဲ့ သည်လူမည်သူဖြစ်သည်ကို မှတ်မိသွားပြီး ပြုံးပြလိုက်သည်။

လီချန်းလဲ့၏ အမေဘက်မှအဒေါ်သည် စစ်သူကြီးကျုံယုံနှင့် လက်ထပ်ခဲ့သည်။ နောက်တော့ ကျုံယုံသည် ပေါ်ချန်နယ်စားအဖြစ် မြင့်မြတ်သောမျိုးရိုးအမွေကို ဆက်ခံခဲ့သည်။ သူတို့၏ အကြီးဆုံးသား ကောင်းယွမ်သည် အိမ်ရှေ့မင်းသား၏ စာကြည့်ဖော်ကြည့်ဖက်ဖြစ်လာရန် နန်းတွင်းသို့ ဝင်ခဲ့သည်။ အိမ်ရှေ့မင်းသားကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းကြံစည်မှုတစ်ခုတွင် သူသည် မင်းသားကို ပစ်လိုက်သောမြားကို ဝင်ခံလိုက်ပြီး ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားရှာသည်။ အိမ်ရှေ့မင်းသားသည် ကောင်းယွမ်၏သေဆုံးမှုအပေါ် အလွန်ဝမ်းနည်းကြေကွဲခဲ့ပြီး ကောင်းယွမ်၏အမေကို ဝေ့ကော်ဖူးရန်ဟူသော မြင့်မြတ်သည့်ဘွဲ့ထူးကို ချီးမြှင့်ပေးပါရန် ဘုရင်မင်းမြတ်ကို တောင်းဆိုခဲ့သည်။

အဆိပ်/လီဝေယန်းWhere stories live. Discover now