၂၆။ မရှုနိုင်​မကယ်​နိုင်​ဖြစ်​အောင်​လုပ်​သည်

Start from the beginning
                                    

သူမစိတ်ထဲ အတွေးတစ်ချို့ ဝင်လာပြီးနောက် လောင်ဖူးရန် အေးစက်စွာ ပြောလာတော့သည်။ "ဒါဆိုရင် ဒါဟာ ယားထိုဟွားမေ(မိန်းကလေးဟွားမေ)ရဲ့ ညံ့ဖျင်းမှုကြောင့်ပဲမလား"

လီဝေယန်း စိတ်ဒုက္ခရောက်နေရှာသော တာ့ဖူးရန်ကို တမင်တကာ ဖျတ်ခနဲကြည့်လာခဲ့သည်။ "အဲ့ဒါက...."

တာ့ဖူးရန် သူမကိုမကြည့်ချင်သော်လည်း လောင်ဖူးရန်ကိုတော့ စကားပြောလာခဲ့သည်။ "ဟွားမေကို ကျွန်မ ပို့လိုက်တာ၊ သူအသုံးမကျတာ ကျွန်မ သေချာမသွန်သင်ခဲ့မိလို့ပါ၊ ဒါကြောင့် လောင်ဖူးရန် ခွင့်လွှတ်ပေးဖို့ ကျွန်မတောင်းဆိုပါတယ်၊ ဒါပေမယ့် ကျွန်မပြောချင်တာလေး တစ်ခုရှိသေးတယ်၊  သူ့ကို ဝေယန်းအတွက် လက်ဆောင်ဆိုပြီး ပေးထားတာ၊ ဝေယန်း သူ့ကို သေသေချာချာ ဆုံးမသွန်သင်ထားသင့်တယ်၊ မဆင်မခြင်ပေါ့ပေါ့ဆဆနေတတ်တဲ့ အပြုအမူတွေကို ညည်း ဘာလို့များ သည်းခံနေတာလဲ"

လီဝေယန်း ပြုံးလိုက်၏။ "အမေ...ဘာလို့ ဒီလိုပြောရက်ရတာလဲ၊ ဟွားမေက အမေလက်ဆောင်ပေးထားတဲ့အစေခံပါ၊ သမီး သူ့ကို မျက်နှာသာပေးတာမျိုးမရှိပါဘူး"

လောင်ဖူးရန် ရုတ်တရက် ပေါက်ကွဲကာ အေးစိမ့်သောအသံဖြင့် ပြောလာသည်။ "ညည်းက မိသားစုရဲ့အကြီးအကဲအုပ်ထိန်းသူဖြစ်နေပြီးတော့ ဒီအစေခံလေးတစ်ယောက်ကိုတောင် သေချာဆုံးမ,မထားနိုင်ဘဲ ငါ့ကိုပါ ဝင်ပါရအောင်လုပ်တယ်၊ အဲ့ဟွားမေကို ခေါ်လာခဲ့စမ်း"

ဟွားမေကို ရှေ့သို့ ခေါ်လာကြသည်။ သူမခြေ၊လက်တို့ကို ကြိုးချည်ထားခံရပြီး အော်ဟစ်ငိုယိုနေတာကိုမြင်တော့ တာ့ဖူးရန် မျက်ခုံးတွန့်သွားသည်။

"ခဏ... ကျွန်မတို့ သူ့ကို ရှင်းပြဖို့ အခွင့်အရေးလေးတော့ ပေးသင့်တယ်မဟုတ်လား"

လောင်ဖူးရန် လော့မားမားကို ဖျတ်ခနဲ ကြည့်လိုက်သည်။

လော့မားမား ချက်ချင်း ရှေ့ထွက်လာကာ မေးခွန်းစမေးတော့သည်။ "သေတ္တာတွေကို ထိန်းသိမ်းရတာ မင်းလား"

ဟွားမေမှာ ငြင်းရခက်နေသည်။ "ဟုတ်ပါတယ်...ဒါပေမယ့် နွီပိ သေတ္တာတွေကို လက်ခံရရုံပဲရှိသေး---"

အဆိပ်/လီဝေယန်းWhere stories live. Discover now