၂၆။ မရှုနိုင်​မကယ်​နိုင်​ဖြစ်​အောင်​လုပ်​သည်

Start from the beginning
                                    

လီချန်းလဲ့ ကြောက်လန့်ကာ စမ်းတဝါးဝါး ဖြစ်ကုန်သည်။ လီဝေယန်းကတော့ သနားဂရုဏာသက်စရာကောင်းသောမျက်နှာမျိုးဖြင့် ဘေးနားတွင် ငြိမ်ငြိမ်လေး မတ်တပ်ရပ်နေလေသည်။

ချန်းလဲ့အမူအရာမှာ ပြောင်းသွားတော့သည်။ "စန်းမေး(ညီမ ၃)ရဲ့ပိုးထည် တစ်ခုခုဖြစ်လို့လား၊ အဲ့တာနဲ့ ဘာများဆိုင်လို့လဲ"

ချန်းလဲ့စကားတို့ကို ဝေယန်းနားမလည်ဟန်ဆောင်လိုက်သည်။ "တာ့ကျဲ(မမကြီး)...ဒီကြောင်က လုံးဝ စည်းကမ်းမရှိဘူး၊ ဒီနေ့ တာ့ဖူးရန်ရဲ့ကြက်တူရွေးကို စားပြီးတော့ ဘရိုကိတ်ပိုးထည်တွေကိုလည်း ဖျက်ဆီးပစ်တယ်၊ နောက်တစ်ကြိမ်သာဆို အရာရှိတစ်ယောက်ယောက်ကို အနှောက်အယှက်မပေးဘူးလို့ ဘယ်သူပြောနိုင်မလဲ၊ တကယ်လို့ အဲ့ဒီ့လူကသာ သဘောထားမကြီးခဲ့ရင် အဲ့ဒီ့ကြောင် အကြိမ်ပေါင်းများစွာသေရင်တောင် ပြဿနာက ပြီးဦးမှာ မဟုတ်ဘူး"

အမတ်ချုပ်ကြီးအိမ်တော်တွင် ဝင်ထွက်နေကြသောဧည့်သည်များသည် အဆင့်မြင့် အရာရှိများနှင့် ဂုဏ်သရေရှိ မင်းကတော်စိုးကတော်များသာဖြစ်သည်။ ဒီအရာရှိတွေထဲကတစ်ယောက်ယောက်ကိုများ ကြောင်က မတော်တဆ ဒဏ်ရာရစေခဲ့လျှင် အမတ်ချုပ်ကြီးအိမ်တော်မှာ မျက်နှာပျက်စရာတွေ ဖြစ်ကုန်တော့မည်။ တာ့ဖူးရန်၏ မျက်နှာအမူအရာမှာ ပိုဆိုးသွားတော့၏။

လီဝေယန်း မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီးမှ တွန့်ဆုတ်နေဟန်ဖြင့် ကြည့်လာသည်။ "ဒါပေမယ့်လည်း တာ့ကျဲရဲ့ကြောင်ကို အပြစ်ပြောလို့တော့ မရဘူး၊ တိရိစ္ဆာန်ဆိုတော့လည်း ဒါတွေ သူ ဘယ်နားလည်ပါ့မလဲ၊ နမော်နမဲ့နိုင်လွန်းတဲ့ ကျွန်မအမှားပါပဲ၊ ဒီလိုတန်ဖိုးကြီးတဲ့ပစ္စည်းတွေကို ကျွန်မကိုယ်တိုင် ဂရုတစိုက် ထိန်းသိမ်းသင့်တာ၊ ဟွားမေကို တာဝန်မပေးခဲ့သင့်ဘူး၊ တကယ်တော့ ဟွားမေက ငယ်သေးပြီး ကစားမက်တဲ့အရွယ်ပဲရှိသေးတာ၊ ဒီလိုကိစ္စတွေဖြစ်လာတဲ့အချိန်မှာ သူလည်း အတွေ့အကြုံမရှိသေးဘူး"

လောင်ဖူးရန်၏စိတ်အခြေအနေမှာ ပိုပိုဆိုးသွားတော့သည်။ ပထမ... ကံကောင်းစေသောကြောင်က သူမတန်ဖိုးရသော ကြက်တူရွေးကို စားပစ်သည်။ ဒုတိယ... သူမ ကိုယ်တိုင် ဝေယန်းကို ပေးလိုက်သောပိုးထည်တွေကို ထိုကြောင်ကပင် ဖျက်စီးပစ်ပြန်သည်။ ဒါဟာ လီချန်းလဲ့ သူမကို မကျေမနပ်ဖြစ်နေသည်ကို ပြသနေသလိုပင်။

အဆိပ်/လီဝေယန်းWhere stories live. Discover now