၂၄။ ဖျက်​ဆီးခံရ​သော ပိုးထည်

Start from the beginning
                                    

လောင်ဖူးရန် ထိတ်လန့်သွားကာ ဝေယန်းကို စိုက်ကြည့်ပြီး မယုံနိုင်အောင်ပင် ဖြစ်သွားရှာသည်။ "သမီးအဖေက အမတ်ချုပ်ကြီးဆိုတာ သူ့ကို မပြောလိုက်ဘူးလား"

လီဝေယန်း ရယ်လိုက်၏။ လောင်ဖူးရန် သူမကို မယုံကြည်နိုင်ဖြစ်နေသည်ကို သူမ သိသော်လည်း ဒါက အမှန်တရားပင် ဖြစ်သည်။ "သမီး ငိုပြီးတော့ သမီးအဖေက မြို့တော်မှာ အရာရှိတစ်ယောက်လို့ လျူရှီကို ပြောခဲ့ပေမယ့် သူက သမီးကို လှောင်တယ်၊ သမီး ကျောက်အိမ်မှာ ခြောက်နှစ်လောက်နေခဲ့တယ်၊ နွေရာသီမှာ ခြင်တွေကိုက်လို့ အိပ်ရခက်တယ်၊ ဆောင်းရာသီမှာဆို အိပ်ခန်းက ရေခဲမြစ်လိုပဲ၊ ကျောက်အိမ်က သမီးဆိုရင် သမီးကို ကစားစရာမြင်းတစ်ကောင်လိုပဲ သဘောထားတယ်၊ သမီးလက်တွေနဲ့ ဒူးတွေ သွေးထွက်တဲ့အထိ အကန်ခံရတယ်၊ နေ့စဉ်အိမ်အလုပ်တွေနဲ့ အခင်းထဲ မျိုးစေ့တွေကြဲရတာကြောင့် လက်ချောင်းတွေဆိုလည်း ဒဏ်ရာတွေနဲ့ ပြည့်နေပြီ၊ သမီးခြေထောက်တွေဆို အသားမာတွေတောင်တက်နေပြီ" သူမအသံ မကျယ်သော်လည်း အသံထဲတွင် မကျေနပ်မှုတို့လည်း ရှိမနေ။ သေလုမတတ် အရိုက်ခံခဲ့ရသည်ဟု သူမ မပြောသော်လည်း သူမအသံထဲတွင် နာကျင်မှု၊ ဒုက္ခရောက်မှု၊ အားကိုးရာမဲ့နေမှုတို့ကိုသာ တစ်စွန်းတစ်စ တွေ့မြင်ရသည်။

လောင်ဖူးရန်နှင့် လော့မားမားတို့နှစ်ယောက်လုံး အံ့ဩထိတ်လန့်နေကြဆဲ....။

ဝေယန်း၏ သေးသွယ်သောလက်တို့ကို လောင်ဖူးရန် အလိုအလျောက်ကြည့်မိ၏။ ထို့နောက် နူးညံ့လှသောလက်တို့တွင် အမာရွတ်များရှိနေသည်ကို သူမ သတိပြုမိလိုက်သည်။ အမာရွတ်တွေက မှေးမှိန်လွန်းတာကြောင့် သူမ သတိမထားမိခဲ့။ အနီးကပ်ကြည့်မှသာ မြင်ရပေသည်။

လော့မားမား ခေါင်းအသာယမ်းမိ၏။ အမတ်ချုပ်ကြီးအိမ်တော်ရှိ ရှောင့်ကျဲ(မမလေး)များအားလုံးသည် ငွေဇွန်းကိုက်ကာ မွေးဖွားလာကြပြီး ကြမ်းတမ်းရက်စက်သော တကယ့်ဘဝမှ ကာကွယ်ပေးထားခြင်းခံရ၍ ဇိမ်ကျကျနေရသော်လည်း စန်းရှောင့်ကျဲမှာမူ ထိုသို့မဟုတ်ချေ။ သူမသွေးကြောထဲတွင် အမတ်ချုပ်ကြီး၏သွေးတို့ စီးဆင်းနေပါသော်လည်း နိမ့်ကျသော လယ်သမား၏ မိန်းမက အနိုင်ကျင့်သည်ကို ခံရလေသည်။

အဆိပ်/လီဝေယန်းWhere stories live. Discover now