၁၈။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဖုံးကွယ်ပေးကြခြင်း

Start from the beginning
                                    

လီဝေယန်းက လီမင်တျဲကို မမှိတ်မသုန် ကြည့်နေလိုက်သည်။ သူမ လီမင်တျဲကို ထားပစ်ခဲ့တော့မလို့ပင်။ သို့သော် သေလုဆဲဆဲဖြစ်ခဲ့သော လီမင်တျဲက သည်အခိုက်အတန့်တွင် ထားခဲ့ခံရမည်ကို အကြောက်ဆုံးဖြစ်နေသည်။ သူ့လက်ကလေးကို ဆန့်ကာ လီဝေယန်း၏ ဂါဝန်ထောင့်စွန်း ဆွဲလျက် သူ့လက်များနှင့် သူမကို အလျင်အမြန် ဖက်တွယ်ထားလိုက်တော့သည်။

"စန်းကျဲကျဲ"

နွေးထွေးလာသောခံစားချက်က သူမကို လွှမ်းခြုံလာပြီး အားနည်းသောအသံလေးပါ ထပ်ပေါင်းလိုက်တော့ သူမ ရုတ်တရက် ကိုးယိုးကားယားနိုင်သလို ခံစားလိုက်ရသည်။ အချိန်အတော်ကြာပြီး နောက်ဆုံးမှာ သူမ လီမင်တျဲကို ပြန်ဖက်လိုက်တော့သည်။

သူက တကယ်လိမ္မာသော ကလေးပင်။ ရုတ်တရက် အရင်ဘဝက သူမသား ယုလီလေးကို သွားသတိရမိသည်။ ယုလီက သူမရှေ့မှာဆို အမြဲတမ်း သည်လိုလုပ်တတ်သည်။ သူမကို မြင်တိုင်း တစ်ဟုန်ထိုးပြေးလာကာ သူမရင်ခွင်ထဲ ပစ်ဝင်တတ်သည်။ သူမရင်ဘတ်ထဲမှ နာကျင်လာသည်။ သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ သတိမထားမိခင်မှာပဲ လီမင်တျဲ၏မျက်နှာကို ဖျစ်ညှစ်မိလိုက်သည်။ လီမင်တျဲက ငယ်သေးသော်လည်း အရမ်းသိတတ်လိမ္မာသည်။ သူ ငြိမ်ငြိမ်လေး ထိုင်နေပြီး သူ့မျက်နှာ ရွဲ့စောင်းလာသည်အထိ ဒီထူးဆန်းလှသောမမအား ထိခွင့်ပေးထားလေသည်။

ပိုင်ကျစ် မျက်ခုံးတို့ တွန့်ချိုးသွား၏။ ရှောင့်ကျဲက ဒီကလေးက ဆယ်နှစ်ရှိပြီဆိုတာ မေ့များနေသလားဟု တွေးလိုက်မိသည်။ ဆိုလိုတာကတော့ သူက ရှောင့်ကျဲထက် သုံးနှစ်ပဲ ငယ်သည်။ ဒီအကြောင်းကို ​ေတွးမိလိုက်၍ ပိုင်ကျစ် ချောင်းခပ်ကျယ်ကျယ်ဆိုးလိုက်တော့သည်။ လီဝေယန်း တွေဝေနေရာမှ သတိကပ်လာပြီး လီမင်တျဲကို လွှတ်လိုက်သည်။

သူမ လီမင်တျဲကို သတိပေးလိုက်၏။ " ဘာမှထပ်စိုးရိမ်စရာမလိုတော့ဘူး၊ မှတ်ထားနော် နောက်တစ်နာရီအတွင်း တစ်ခြားသူတွေရှေ့မှာ ပေါ်မလာနဲ့၊ မင်း သေသွားပြီလို့ သူတို့တွေ ထင်ပါစေ၊ ဒီနေ့ဖြစ်ခဲ့တာတွေကို မင်းမေမေကလွဲပြီး ဘယ်သူ့ကိုမှ မပြောပြရဘူး"

အဆိပ်/လီဝေယန်းWhere stories live. Discover now